Part - 11

7.9K 1.2K 146
                                    

Baekhyun appa တို့ဆီကပြန်ရောက်တော့ တော်တော်ပင်နောက်ကျနေပြီ။
ပြန်ရောက်တော့ ကျနော်လဲဖို့ အင်္ကျီထုတ်ပေးသည်..
ပြီးတော့ ကျနော့်ကို အလုပ်လုပ်ဦးမှာလားဟုမေးသည်

လုပ်မယ်ဆိုတဲ့ ကျနော့်ရဲ့အဖြေနောက်တွင်
ကြားနေကျ "ကူပေးရဦးမလား Yeol" ဆိုတဲ့ သူ့စိတ်ပူသံတွေထွက်မလာတော့ စိတ်ထဲနည်းနည်းမကျေနပ်သွားပေမယ့်
သူ့မျက်နှာသိပ်မကောင်းချင်လို့ ဘာမှမပြောဖြစ်ခဲ့...
သူကလည်းကျနော့် မျက်နှာကိုပင်တည့်တည့်မကြည့်...မျက်လုံးချင်းစုံအောင်လိုက်ကြည့်သော်လည်း လွှဲလွှဲသွားလို့ ဘယ်လိုစကားစပြောရမလဲ မသိခဲ့...

အသံတစ်သံမှတောင်ထွက်မလာတဲ့ ကြောင်တောင်တောင်နိုင်တဲ့အခြေအနေမျိုးကြီးမှ ဆက်မနေချင်တော့တာကြောင့် အလုပ်လုပ်ဖို့ အခန်းကိုသာ ထွက်လာခဲ့လိုက်တော့သည်။

ဒီနေ့ လုပ်ထားခဲ့သမျှ စာရင်းဇယားတွေ ...project အကြောင်းတွေ အနှစ်ချုပ်ဖို့ ပြန်ဖတ်ကြည့်တော့ စိတ်က ဒီထဲမရောက်...ညှိုးငယ်နေတဲ့ သူ့မျက်နှာကိုပဲ ပြန်မြင်ယောင်နေမိတာ...

မိဘအိမ်ရောက်လို့ ပျော်နေတဲ့ သူလေးက မင်္ဂလာပွဲနဲ့ ပက်သက်ပြီး ကျနော်ပြန်ဖြေလိုက်တဲ့ အဖြေကြောင့် မျက်နှာပျက်သွားတယ်ဆိုတာတော့သတိထားမိခဲ့သည်။
ကျနော် ပြုံးပြလိုက်တော့ ပြန်ပြုံးပြတဲ့ ခပ်ယဲ့ယဲ့ အပြုံးက မပီပြင်ပေမယ့် ကျနော့်အတွက်ဆို အမြဲတောက်ပနေဆဲ..

မင်္ဂလာပွဲကရော ဘယ်တော့လုပ်မလဲဆိုတဲ့ appa ရဲ့ အမေးကို Baek နဲ့တိုင်ပင်ဦးမယ် ဆိုပြီး ပြန်ဖြေလိုက်တာ ဟန်ဆောင်မှုမရှိတဲ့ ကျနော့်ရဲ့ အဖြေ။
လိမ်ညာခြင်းပါဝင်တဲ့အလုပ်နဲ့ သူပျော်ရမယ့် အပျော်မျိုးကိုမလိုလား...
အမှန်တရားကိုလိုအပ်နေသည်လေ...

တကယ်လည်း တိုင်ပင်ရဦးမယ် မဟုတ်လား...
အစက အချစ်တစ်ခုနဲ့ စခဲ့ပေမယ့်..

ရှေ့ကလုပ်ထားသမျှတွေ...ဘဝနဲ့ချီပြီးသက်ဆိုင်တာတွေပါလာပြီမို့ ပြန်စဉ်းစားရတော့မည်။
သက်ဆိုင်သူနဲ့တိုင်ပင်ရတော့မည်။
ခက်သည်က ဒီအကြောင်းတွေကို သိလား မသိလားတောင်မသိသေးတဲ့ သူ့ကို ကျနော် ဘယ်လိုစကားစရမလဲမသိခဲ့သလို ပြောမထွက်ခဲ့သေး။

My Senator Tempat cerita menjadi hidup. Temukan sekarang