Part - 16

7.9K 1.4K 347
                                    

ဒုန်းးး

ခွမ်းးးးး

ဖြစ်ပေါ်လာသော ဒေါသတို့ရဲ့ ဓားစာခံဟာ စားပွဲပေါ်က ဖန်ခွက်လေးဖြစ်သွားရရှာသည်။
အကွဲစ ရှပြီး တစိမ့်စိမ့်ထွက်လာတဲ့ သွေးစက်တို့ကို စိုက်ကြည့်ရင်း
မြင်ယောင်လာမိသည်က ထိုနေ့က အလားတူဒဏ်ရာကို စိုးရိမ်တကြီး စိတ်ပူပေး​နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေ...

ကျစ် ..မြင်ယောင်လာရပြန်ပြီလား...။

သူကျနော့်ဘေးမှာမရှိတော့တာဘယ်နှရက်မှတောင် မရှိသေးပါပဲနဲ့....
ဆုံးဖြတ်ချက်သည် မှန်ကန်ခဲ့တယ်လို့ မသိစိတ်ကကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့မိတာတောင်မှ
တစ်ချက်တစ်ချက် သတိရမိတဲ့အခါမျိုးဆို ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိသည်။

Baekhyun ကိုတမ်းတနေခြင်းတွေက ဒေါသကို ဖြစ်ပေါ်စေသည်။

၂ ရက်..သတင်းစာရှင်းလင်းပွဲနေ့အပြီး ၂ ရက်ရှိခဲ့ပြီ...။
ဒီအ​တောအတွင်း ဘာမှစဉ်းစားခ်ျိန်​မရ​လောက်​​အောင်​ကို အလုပ်​ရှုပ်​​နေခဲ့တာ

ဒီ​နေ့လဲ တနေကုန် ကားတစ်စီးနဲ့ပတ်ပြီး လိုက်စစ်ဆေးထားရသည်မို့ လူက မထချင်လောက်အောင်ကို ပင်ပန်းနေသည်။
အိမ်​ပြန်​​ရောက်​​တော့ ထုံးစံအတိုင်း ဧည့်ခန်းက ဆိုဖာပေါ် ပစ်ထိုင်နေရင်း...
မသိစိတ်က ရေချိုးဖို့ လာပြောမယ့် သူကို မျှော်နေမိသည်။

*အဟက်* Park Chanyeol
အဲ့ဒါတွေစဉ်းစားနေဖို့ အချိန်မရှိဘူး...ပြီးရင် စာတမ်းလုပ်ရဦးမယ်မလား...။

ရေမိုးချိုးပြီး ထမင်းအရင် စားဖို့ ကြံမိတော့
တိတ်ဆိတ် ခြောက်ကပ်နေတဲ့ ထမင်းစားပွဲကြီးက ကြိုဆိုလျက်...။

ဘာအရေးလဲ...
အိမ်တော်ထိန်းက အကုန်ပြင်ဆင်ပေးထားသည်ပဲလေ။

စားနေရင်းနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေကျ လူတစ်ယောက်ကို မြင်ယောင်လာမိပြန်တော့
မျက်လုံးအစုံကို အမြန်ပိတ်ချလိုက်ရသည်။

*ကျစ်*
ဒုန်းးးး

အခန်းထဲကို အမြန်ပြေးဝင်ပြီး laptop ကိုယူလာကာ
စားနေရင်းနဲ့ စစ်ရမယ့် စာတမ်းတို့ကို ထိုင်ဖတ်နေလိုက်တော့သည်။

My Senator Tempat cerita menjadi hidup. Temukan sekarang