❤Ep.6*​နောင် ​​ချစ်​​သောသူက ....* { Uni & ZG }

6.4K 490 16
                                    


ချစ်​သူ ❤️

မင်း​သာပျော်​ရွှင်​မယ်​ဆိုရင်
ငါဘယ်​လိုပဲ ​ပေးဆပ်​ ​ပေးဆပ်​ရ ကိစ္စမရှိပါဘူး
ငါ့နှလုံးသား​လေး ကွဲ​ကြေသွားတယ်​ ဆိုရင်​​တောင်​မှ​ပေါ့။

ဒီ​နေ့​တော့ နှင်းေ​လး​စောင့်​​မျှော်​​နေတဲ့ တနင်္ဂ​နွေ​နေ့ေ​လးကို​ရောက်​လာခဲ့ပြန်​ပြီ။
နှင်း​လေး ဒီလိုေ​န့ရောက်​တိုင်း အိမ်​မှာတစ်​​နေ့လုံး​ပျောက်​​နေတတ်​သည်​​။တနင်္ဂနွေနေ့ဆိုတာ နှင်း​လေးအတွက်​​တော့ သူငယ်ချင်း​လေးတစ်ေ​​​ယာက်​ကိုသီးသန့်​​ပေးထား​ရ​သောအချိန်​​ဖြစ်သည်။ ထိုသူငယ်ချင်း​လေးက ​​​​နှင်းေ​လးအချစ်​ဆုံး အရင်းနှီးဆုံး တိုင်​ပင်​​ဖော်​တိုင်​ပင်​ဖက်​ သူငယ်​ချင်း​လေး သူသူဇင်​ ဖြစ်​သည်​။သူသူသည်​ နှင်း​လေး ၉တန်းနှစ်​တုန်းက သင်​တန်းတစ်​ခုမှာခင်​မင်​ခဲ့တဲ့သူငယ်​ချင်းဖြစ်​သည်​။  ​နောက်​ပိုင်းဖုန်း​တွေအပြန်​အလှန်​ဆက်​ သူ့အိမ်​လည်​ ကိုယ့်​အိမ်​လည်​ရင်းနဲ့ မိသားစု​တွေအချင်းချင်း​​​တောင်​​တော်​​တော်​ရင်းနှီး​နေပြီ​လေ။အ​နေ​အေးပြီ တည်​ငြိမ်​​သောသူမက နှင်း​လေးအတွက်​တကယ့်​ကိုအ​ဖော်​​ကောင်းတစ်​​ယောက်​ပါ။ အစ်မတစ်​​ယောက်လို​လည်း​​​ အမြဲ ​နှင်း​လေး​ကိုအကြံ​ကောင်း​တွေ​ပေးတတ်​သည်​။နှင်းေ​လးတစ်​​​နေ့ တာကြုံ​တွေ့ ခဲ့ရတာ​​တွေကို ​နေ့တိုင်းသူ့ကိုဖုန်းဆက်ပြီးေ​​ပြာပြ​လေ့ရှိသည်​။ သူကလည်းနား​​ထောင်ေ​​ပးပြီး လုပ်​သင့်​ မလုပ်​သင့်​တာ​တွေ​ပြောပြတတ်​၏။

"သမီး​ရေ . . . . နှင်း​လေး သူသူနဲ့​သွား​တွေ့မလို့လား "

ကားထဲကိုဝင်​ရန်​ပြင်​​နေချိန်​ ​နောက်​က​နေလှမ်း​အော်​​နေ​သောအ​မေဖြစ်​သူအသံ​ကြောင့်​ နှင်း​လေး အမြန်​ပြန်​​ဖြေလိုက်​ရသည်​။

"ဟုတ်​ အ​မေ "

"​ရော့အဲ့ဒါဆို ဒီငါး​ခြောက်​​လေးယူသွား​ပေး။ အ​မေဟို​နေ့က ​ငွေ​ဆောင်​အပြန်​ဝယ်​လာခဲ့တာ။ သူသူ့​မေ​မေကို အမေကစားဖို့ ​​ပေးလိုက်​တယ်​လို့ ​ပြောလိုက်​ သမီး "

ပြောမပြရက်​ဘူး . . . . . .​နောင်​🌼{ Completed } ပြောမပြရက်ဘူး.......နောင်Where stories live. Discover now