လွန်ခဲ့သောဆယ်နှစ်ခန့်လောက်က~~~~~~~~~~
တွေ့ဆုံခြင်းအစ.....🌺
"နောင်...... သားရေ ကျောင်းသွားဖို့ လာတော့လေ နောက်ကျနေတော့မယ်"
"ဟုတ်.... လာပြီမေမေ"
ညကမှ မီးပူတိုက်ပေးထားတဲ့ ကျောင်းစိမ်းဝတ်စုံလေးကို
ဝတ်ထားတဲ့ ပါးကွက်ကြားလေးကိုချစ်စဖွယ်ကွက်ထားသောကလေးလေး မိုးစက်နောင်၊ မေမေရဲ့ခေါ်သံကြောင့် အိမ်အပေါ်ထက်မှပြေးဆင်းကာ မီးဖိုချောင်ထဲမှာ သူ့အတွက်ထမင်းဘူးပြင်ပေးနေတဲ့ မေမေဆီသွားပြီး ပြေးဖက်လိုက်တယ်။"ကျောင်းမသွားချင်လို့ လာချွဲနေတာလား....နောင်လေး"
"မဟုတ်ပါဘူး သားကလူကြီးဖြစ်နေပြီပဲ ကျောင်းတက်ရမှာပေါ့ မေမေရဲ့ ကျောင်းတက်ပြီး ပညာတက်ကြီးဖြစ်အောင်ကြိုးစားမယ် ပြီးရင်မေမေ့ကိုပြန်လုပ်ကျွေးမယ်"
"ဟုတ်ပါပြီ ငချွဲလေးရယ် ရော့ဒီမှာထမင်းဘူး သွားတော့ သားအဖေကားပေါ်မှာစောင့်နေတယ်"
"ဟုတ် သွားပြီ မေမေ...... ရွှတ် "
.
.
.ဒီနေ့ပထမဆုံး ကျောင်းတက်တဲ့နေ့လေး။မိုးစက်နောင် အရမ်းပျော်နေတယ် သူ သူငယ်ချင်းအသစ်တွေရတော့မယ်။
တစ်ဦးတည်းသောသားဆိုတော့ သူ့မှာအတူကစားဖော်ကစားဖက်သူငယ်ချင်းလည်းမရှိပေ။အခုတော့ သူနဲ့အတူကစားပေးမဲ့ သူငယ်ချင်းရတော့မယ် ။
ကျောင်းရှေ့ရောက်တော့ ဖေဖေ့ကိုတောင်ကောင်းကောင်းမနှုတ်ဆက်နိုင်ပဲ ကျောင်းဝင်းထဲအတင်းပြေးဝင်လေတော့သည်။အရမ်းပျော်မြူးပြီး ဝင်လာခဲ့လိုက်တာတကယ်တမ်းတော့ နောင်သူတက်ရမဲ့အခန်းဘယ်မှာမှန်းမသိ။အခုတော့ သူယောင်လည်လည်ဖြစ်နေတော့သည်။တော်သေးတာက သူ့ဖေဖေနောက်ကနေအမှီလိုက်လာပေးလို့။စိုးရိမ်နေတဲ့ မျက်နှာနဲ့ဖေဖေကိုမြင်တော့ နောင်သွားလေးဖြီးပြလိုက်လေသည်။သူချွဲတာတော်သွားတယ် ဖေဖေသူ့ကိုမဆူတော့ဘူး။
ESTÁS LEYENDO
ပြောမပြရက်ဘူး . . . . . .နောင်🌼{ Completed } ပြောမပြရက်ဘူး.......နောင်
Ficción Generalအချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း အချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း Uni & ZG !!! My first OCBL Yuna Chen! Start date-March.29.2018