❤️Extra.2 ပန်းပိတောက်ရယ် ဝါ🌼

4.9K 251 41
                                    

🌼နောင်သည် ပိတောက်ပန်းကို သိပ်မြတ်နိုးသည်။ 🌼

နှစ်ဆန်းချိန်ခါ မနက်ခင်းလေးမှာပေါ့ နေခြည်နွေးနွေးက ကိုယ်ပေါ်ဖြာဆင်းလာတော့ နောင် ကုတင်ထက်ကနေ ကမန်းကတန်းပြေးဆင်းလေတော့သည်။ ခုံပေါ်ကမျက်မှန်လေးကိုလည်းမမေ့မေလျာ့ယူခဲ့သေးသည်။

မျက်နှာသစ်ဖို့၊ မနက်စာစားဖို့အသာထား မေမေရဲ့ဆူသံတွေကိုတောင် သူလျစ်လျူရှုလို့ တစ်ဖက်က သူငယ်ချင်းလေးရဲ့ခြံဘက်ကို သူ အပြေးလေးလှမ်းခဲ့တော့သည်။

အိမ်ထဲရောက်တော့ ပိုင်လေးရဲ့အရိပ်အယောင်တောင်မမြင်ရသည်မို့ နောင် စိတ်ဘဝင်မကျဖြစ်ရတော့သည်။ ဒါ သက်သက် အလေးမထားတာပဲ။

စိတ်တိုတိုနဲ့ ခြံထဲဆင်းလာလိုက်တော့ သူ့ကိုအသင့်စောင့်နေတဲ့ ပိုင်လေးကိုတွေ့ရတဲ့အခိုက် နောင် မကျေနပ်မှုတွေကွယ်ပျောက်သွားတော့သည်။

အမှန်တော့ ပိုင်လေးသည် အလေးထားတာထက်ကိုပိုကာ သူ့ကိုအဆင်သင့်စောင့်နေခဲ့ခြင်းပင်။ သူ့စိတ်တွေ ပေါ့ပါးသွားတော့သည်။

ပြာရီရီကောင်းကင်ကြီးမှာ တိမ်ဖြူတွေက လွင့်မျောနေသည်။

ထိုအလှကိုနောက်ခံထားပြီး ဝင့်ကြွားစွာလှပနေတဲ့ စိမ်းဝါရောင်သဏ္ဍာန်လေးတစ်ခုကလည်း ရှိနေသေးသည်။

' မခူးပါနဲ့ နောင် သူ့သဘာဝအတိုင်းလှပါစေ ' လို့ သူပြောပြောနေတဲ့ အရာလေးပေါ့။

အစိမ်းရောင်အရွက်တွေအကြား အဝါရောင် ပွင့်ငုံ၊ပွင့်ဖူး တွေက သင်းရနံ့ကြိုင်ကာ ပနံတင့်စွာ တည်ရှိနေသည်။

ထိုအလှကိုမက်မက်မောမော ကြည့်နေတဲ့သူကတော့ ပိတောက်ပင်ခြေရင်းမှာ ဒူးနှစ်ဖက်ပိုက်ကာ အသင့်စောင့်နေလေသည်။

လည်တံဖြူဖြူလေးကိုကျော်ပြီး ပန်းရောင်သမ်းနေတဲ့ပါးနဲ့ခပ်မို့မို့ မျက်ခွံလေးတွေကို သူအရင်ဆုံးကြည့်မိခဲ့သည်။ မနက်စောစောထ ထားရလို့ထင်ပါတယ်။

နောင် ကိုယ်ကိုမတ်ကာ လက်နောက်ပစ်၍ ခြေလှမ်းဖြောင့်ဖြောင့် လှမ်းကာ သူ့ဆီကို တစ်လှမ်းခြင်းလျှောက်လှမ်းလာလိုက်သည်။ ထိုအချိန်ထိ ပိုင်လေး အာရုံထဲ သူမရောက်ရှိနိုင်သေးပါ။

ပြောမပြရက်​ဘူး . . . . . .​နောင်​🌼{ Completed } ပြောမပြရက်ဘူး.......နောင်Where stories live. Discover now