Zawgyi Ver!
မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့
ခန်းမကြီးထဲကို ဝင်လိုက်တာနဲ့ တွေ့လိုက်ရတဲ့ လူအုပ်ကြောင့် နှင်းလေး စိတ်ညစ်သွားလေတော့သည်။ ဒီလောက်လူအများကြီးလာလိမ့်မယ်လို့ သူမတွေးမိခဲ့ပါ။အခုတော့ ထိုင်ခုံအနည်းငယ်သာ နေရာလွတ်တော့သည်။အရှေ့နားမှာ နေရာများလွတ်သေးသလားလို့ သွားကြည့်တော့လည်း တစ်နေရာမှမအားပေ။နှင်းလေး စိတ်ပျက်စွာ အနောက်ဘက်ခြမ်းကိုပြန်လျှောက်လာလိုက်သည်။အခုချိန်မှာ နောင့်ကို သူလာခဲ့မယ်လို့ပြောမိတာကို နှင်းလေးစပြီး နောင်တရမိလာသည်။နှင်းလေးဆိုသည်မှာ လူအများကြီးနဲ့နေရာမျိုးတွေကို သိပ်သဘောမကျတတ်သူဖြစ်၏။တစ်ချိန်ထဲမှာပဲ သူ အသက်ကိုသွားသတိရသွားသည်။ အိမ်မှာ ကိစ္စလေးရှိလို့ နောက်မှလိုက်လာမယ်လို့ ပြောခဲ့တဲ့ အသက်ကို နှင်းလေး အပြင်ဘက်မှာထွက်စောင့်နေဖို့ပြင်လိုက်သည်။ခန်းမအပြင်ဘက်မှာ ခုံတန်းအလွတ်လေးတစ်ခုကို တွေ့တော့ ဖုန်အနည်းငယ်ကိုသုတ်ဖယ်ကာ နှင်းလေး ထိုနေရာမှာထိုင်နေလိုက်သည်။ အသက်လာတော့မှပဲ အသက်နဲ့အတူဝင်ရန် သူဆုံးဖြတ်လိုက်တော့သည်။
နှင်းလေးခုံတန်းလေးမှာ ထိုင်ကာ ပွဲကိုလာတဲ့သူတစ်ယောက်ချင်းစီကို သူမထိုင်ကြည့်နေမိသည်။ ဘယ်ကောင်မလေးကမိုက်တယ်၊ ဘယ်တစ်ယောက်ကချောတယ် ၊ ဟိုအဆင်လေးက မိုက်လိုက်တာ ဆိုပြီး သူ အပျင်းပြေထိုင်ရှိုးနေတော့သည်။သူတွေ့ မိသလောက် မိန်းကလေးတော်တော်များများကတော့ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ကာအလှဆုံးပြင်ဆင်လာကြသည်။ ဒီလိုနေ့မျိုးမှာ ကျောင်းကလူတော်တော်များများနဲ့ဆုံရသည်မို့ အားလုံးထဲမှာ ထင်ပေါ်နေရန်အတွက်အထူးကြိုးစားပြင်ဆင်လာကြသည်။သို့သော်သူများတွေက အလှပဆုံးပြင်ဆင်ကာ ပွဲကိုလာကြပေမဲ့ နှင်းလေးကတော့ ထိုသူများနဲ့ဆန့်ကျင်စွာ အရိုးရှင်းဆုံးပြင်ဆင်လာခဲ့သည်။ လူအများကြီးကြားမှာ တောက်ပြောင်အောင်ပြင်ဆင်လာပြီး ချွေးတွေနဲ့နေရမှာထက် ရိုးရိုးလေးနဲ့အေးဆေးနေရတာပိုကောင်းသည်ဟု သူတွေးမိသည်။သူ့အတွက်က သူလှဖို့ထက် သက်တောင့်သက်သာနေရဖို့က ပိုအရေးကြီးသည်။
YOU ARE READING
ပြောမပြရက်ဘူး . . . . . .နောင်🌼{ Completed } ပြောမပြရက်ဘူး.......နောင်
General Fictionအချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း အချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း Uni & ZG !!! My first OCBL Yuna Chen! Start date-March.29.2018