၂၀၁၆၊ဧပြီ၁၂
သင်္ကြန်အကြိုနေ့ဒီနေ့သင်္ကြန်အကြိုနေ့လေး။ပိတ်ရက်ဖြစ်သောကြောင့်လမ်းမပေါ်မှာ ကားတွေလည်းသိပ်မရှိ။အဲ့အစားရေကစားမဏ္ဍပ်တွေသာ နေရာအနှံ့တွေ့နေရသည်။ကားပေါ်မှာ သစ်သီးခြင်းနှစ်ခုကိုတင်ကာ ဆေးရုံလေးဆီသို့ ဦးတည်မောင်းသွားနေတဲ့ ကောင်မလေးသည် သူ့ရင်ထဲတွင်အတိုင်းမသိပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေလေသည်။
မနေ့က သူချစ်တဲ့သူဆီက သူကြားချင်နေတဲ့စကားလေးတစ်ခွန်းကြားခဲ့ရတယ်။သူကပြောတယ် ချစ်တယ်တဲ့.....။ပြန်တွေးမိတော့ ထိုကောင်မလေးမျက်နှာပေါ်မှာ ရှက်ပြုံးလေးတစ်ခု ပေါ်လာလေသည်။သူဒီစကားလေးတစ်ခွန်းကြားရဖို့ အတွက် အရူးတစ်ယောက်လို အချိန်အကြာကြီးစောင့်ခဲ့ရတာ။အခုတော့ သူကြားခွင့်ရခဲ့ပြီ။ ဘုရားသခင်က သူ့ကိုလျစ်လျူမရှုခဲ့ဘူးပဲ....။
နှင်းလေး ကားနောက်ခန်းကသစ်သီးခြင်းနှစ်ခုကို ကြည့်ကာ သူအဝေခွဲရခက်နေပြန်သည်။ မနက်က အိမ်ကမာမီမားသားက သစ်သီးခြင်းနှစ်ခုဝယ်လာပြီး နှင်းလေးကိုလူနာသတင်းမေးသွားရင် ယူသွားဖို့ပြောခဲ့တယ်။အခုသူဘယ်သူ့ဆီအရင်သွားရင်ကောင်းမလဲ။နောင့်ဆီလား၊ အသက်ဆီကိုလား။
အချိန်အတော်ကြာ စဉ်းစားပြီးမှ နှင်းလေးဆုံးဖြတ်ချက်ချခဲ့တာက သူ အသက်ဆီအရင်သွားရမယ်။ နောင့်ဆီအရင်သွားရင် သူအသက်ဆီ ဒီနေ့ရောက်ဖြစ်တော့မယ်မထင်။ နောင့်ကို ချစ်တယ်လို့ အဖြေပေးပြီးရင် နောင်က သူ့ကိုလွယ်လွယ်နဲ့ပြန်လွှတ်ပေးမည်မဟုတ်။သူလည်းပဲ ကိုယ့်ချစ်သူအသစ်စက်စက်နောင့် အနားကနေခွာနိုင်မည်မထင်။သူငယ်ချင်းကနေ ချစ်သူဖြစ်ရတာဟာ နည်းနည်းတော့ တစ်မျိုးလေးဖြစ်နေပေမဲ့ နှင်းလေးတွေးတွေးပြီးပျော်နေမိတယ်။သူအမြဲတိတ်တခိုးစိတ်ကူးယဉ်ခဲ့ရတဲ့ အိမ်မက်ကမ္ဘာလေးက လက်တွေ့အကောင်အထည်ပေါ်လာတော့မှာကိုး. . . ။
VOUS LISEZ
ပြောမပြရက်ဘူး . . . . . .နောင်🌼{ Completed } ပြောမပြရက်ဘူး.......နောင်
Fiction généraleအချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း အချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း Uni & ZG !!! My first OCBL Yuna Chen! Start date-March.29.2018