အပိုင်း ငါး
အချစ်ဦး
တစ်ခါမှ မချစ်ခဲ့ဘူးလို့
ကိုယ်က စွပ်စွဲခဲ့သလို
ကိုယ့်ကိုလည်း ပြန်စွပ်စွဲကြတဲ့
အချစ်ရူး အချစ်ဦးများပေါ့...လှလှလေး လွှဲချော်ခဲ့ကြတော့
အပြန်အလှန် အပြစ်တွေတင်ရင်
ဇာတ်လမ်းမစဘဲ အဆုံးသာ သတ်ခဲ့ရနှစ်ထောင်ခုနှစ်များရဲ့ အစမှာတော့
ငါချစ်ခဲ့တာ ထိုလူသားတစ်ယောက်ပဲလို့ ဝန်ခံပါတယ်။................
အခန်းတွင်းအပြည့် ချိတ်ဆွဲထားသော ပန်းချီကားများနှင့် ထည်ဝါစွာ ရှိနေသော ဧည့်ခန်းအတွင်းထဲ ဘယ်လျှောက်ညာလျှောက်ဖြင့် ဂဏာမငြိမ်ဖြစ်နေသော ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကို လင်းဟုခေါ်သည်။ ပုခုံးပေါ်ဝဲကျနေသော ဆံပင်ရှည်တွေကို တစ်ဝက်ကနေ ဖြတ်စီးထားပြီး သူ့မျက်နှာရှင်းရှင်းလေးကို ဖော်ထားသဖြင့် လေးထောင့်မကျချင်ကျချင် သူ့မျက်နှာထားက ဝင့်ကြွားစွာ။ သို့သော် လက်ရှိအခြေအနေတစ်ချို့ကြောင့် ထိုမျက်နှာလေးက ငြိုငြိုငြင်ငြင် အညိုရောင်မျက်ဝန်းတွေဖြင့်။ စကားပြောနေရင်း လက်ဟန်ခြေဟန်ပါလာပုံက တစ်ခုခုကို အသည်းအသန်ငြင်းဆိုနေပုံရသည်။
"တော်ပြီ ဆက်မပြောနဲ့တော့ သုခပြည့်လျှံ။"
ရောင်နေ ရေနွေးပန်းကန်လုံးထဲ အဖန်ရည်ထုတ်ကို ဆယ်လိုက်နစ်လိုက်လုပ်ရင်း ခပ်လှမ်းလှမ်းမှ ဖုန်းပြောနေသော ကိုငယ်ကို လှမ်းကြည့်လိုက်သည်။ မျက်နှာကတော့ သိပ်မဟန်ချင်ပါ။ သုခပြည့်လျှံကို ဒီခရီးမှာ ရအောင်ခေါ်မည်ဟု ဆုံးဖြတ်ထားပြီး သွားခါနီးမှ တစ်ဖက်က ငြင်းလိုက်သဖြင့် ကိုငယ်ပြာနေရပြီ။
ကိစ္စအကြီးကြီးလဲ မဟုတ်ပါဘဲ ဘာဖြစ်လို့ ကိုငယ်စကားတွေ အများကြီးပြောနေရတာလဲဟု ရောင်နေ တစ်ဖက်သတ်တွေးမိသော်လည်း ထုတ်မပြောဖြစ်ပါ။ သူငယ်ချင်းလို့ ပြောနေပေမဲ့ သူတို့အခြေအနေအမှန်ကို ကိုယ်မှ မသိဘဲမဟုတ်လား။ ဒါမှမဟုတ် ကိုယ်က မသိချင်ယောင်ဆောင်ထားပါတယ် ပြောရမလား။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေမကင်းပေမဲ့ ပိုင်ဆိုင်လိုစိတ် အလျင်းမရှိတဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-