"ပိုင်ယု.. နင် ဘာမှ မဝယ်တော့ဘူးလား..."
"ငါလား ... ငါ ဘာဝယ်ရမှန်း မသိလို့ လျှောက်ကြည့်နေတာ...."
"နင်ဟာလေ... အိမ်အတွက်ဆို ဘယ်တော့မှ စိတ်ထဲမရှိဘူး... လာ.. ငါ့နောက် လိုက်ခဲ့.."
ကျိုးရှန်က သူမလက်ကို ပိုင်စိုးပိုင်နင်းဖြင့် ဆေးကောင်တာဘက်ထိ ရောက်အောင် ဆွဲခေါ်သွားသည်။ ဆေးဘူး သုံး၊ လေးဘူးကို ဆွဲယူလိုက်ပြီး သူမ၏ ဈေးဝယ်ခြင်းထဲ ကောက်ထည့်လိုက်သည်။
"နင့်အဖို့.. အိမ်ပြန်လက်ဆောင်... အမေ့ကို နင်ပေးတယ်သဘောထားပြီး ပေးလိုက်..."
"ဘာလုပ်ဖို့လဲ... အားဆေးတွေ... ဈေးကြီးတယ်... မလိုဘူး... ပြန်ထားလိုက်မယ်..."
"ဟ... နင်မလိုလဲ ငါ နင့်ကို ပေးတာမှ မဟုတ်တာ... နင့်အမေကို ပေးတာ... စိတ်ကြီးဝင်မနေနဲ့...."
တန်းပေါ်ပြန်တင်လိုက်သည့် အားဆေးဘူးများကို ကျိုးရန်က ပြန်ယူလိုက်ပြီး ခြင်းထဲ ပြန်ထည့်ပေးကာ
"နင် စိတ်မလုံလည်း အမေ့ကို ပြောလိုက်ပေါ့... အမေ့သားမက် ပေးခိုင်းလိုက်လို့ ဆိုပြီး..."
"မသာကောင်.... ဒါပဲ ချောင်းနေ..."
ကျိုးရန်ကတော့ သူမဆဲသည်ကို တဟားဟား အော်ရယ်ပြီး တခြားကောင်တာဘက်သို့ ထွက်သွားသည်။ သူမလည်း ပြသထားသည့် ကုန်ပစ္စည်းများကို လိုက်ကြည့်နေရင်းကနေ ရွှေဆိုင်တန်းဘက် အကြည့် ရောက်သွားလေသည်။
မှန်ပုံးထဲတွင် ထည့်ထားသည့် လက်ဝတ်ရတနာတို့က လိုချင်စရာကောင်းလွန်းလောက်အောင် ဆွဲဆောင်နေသည်။ သူမတွင်မတော့ ရတနာဆိုလို့ နားကပ်တစ်ရံပဲ ရှိသည်။ ဒါတောင် မွေးကတည်းက နားပေါက်ဖောက်ပြီးနောက် အဖေ့မိတ်ဆွေ လက်ဆောင်ပေးထားသည့် ပုလဲနားကပ်လေးသာ ပန်နိုင်သည်။ အခုထက်ထိ မလဲနိုင်သေး။ လဲဖို့လည်း သတိမရ။ ဖြတ်ကနဲ အမေ့ကို သတိရသွားပြန်သည်။ အမေအတွက် တစ်ရံလောက် ဝယ်သွားသင့်သလား။ လောလောဆယ်တော့ လက်တွင် ငွေမရှိသေး။ လိုက်ကြည့်နေရင်းကနေ စိန်နားကပ်လေး တစ်ရံကို မျက်စိကျသွားသည်။
VOCÊ ESTÁ LENDO
နားကပ်လေး တစ်ရံ
Contoတကယ်မမှတ်မိတာလား... စနောက်ခြင်းပဲလား... နားကပ်လေးတစ်ရံ ကနေတဆင့် အသိတစ်ခုတော့ ရလိုက်တယ်... (My Own Creation)