သလင်း ရန်ကုန်ပြန်သွားသည်။ ရှင်ယွန်းကိုပင် အသိမပေးခဲ့...။ အဆိုးဆုံးက သူမ နိုင်ငံခြား ထွက်သွားသည်တဲ့လေ...။ သလင်းအဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးနိုင်ဖို့ ပညာသွားသင်သည်တဲ့...။ ရှင်ယွန်းကို ဘာကြောင့်အသိမပေးရတာလဲ သလင်းရယ်...။
ရှင်ယွန်းကြောင့်လား...။ရှင်ယွန်း အခုချိန်ထိ ရှင်ယွန်းရဲ့ ရင်ခုန်သံတွေကို မသိသေးလို့ပါ..။ မဖြစ်နိုင်တာကြီးကို ရှင်ယွန်း မရူးမိုက်ချင်ဘူး...။ သလင်းက ရှင်ယွန်းရဲ့ ညီမလေးပဲ နေမှာပါလေ...။
......................
ရှင်ယွန်းလဲ ကျောင်းပြီးလို့ ဘွဲ့ရပြီး အလုပ်ပင် ဝင်နေပြီ..။ သလင်းဆီမှ အဆက်အသွယ်မရသေး။ မိမိ တက္ကသိုလ် စ တက်တုန်းကလဲ သည်လိုပင် မဟုတ်ပါလား...။ သို့သော် ထိုတုန်းက ထားရစ်ခဲ့မိသူက ရှင်ယွန်းပင်..။ အခုကား ရှင်ယွန်းက ထားရစ်ခံခဲ့ရသူလား...။
အရင်နေခဲ့သော တိုက်ခန်းလေးမှာပင်...။ ကြာရင်မေ့မည် ထင်သော်ကား ထင်သလို ဖြစ်မလာခဲ့..။ ငယ်စဉ်ကတည်းက မိမိအပေါ် အစဉ်အမြဲ လွှမ်းမိုးချုပ်ကိုင်ခဲ့သူ မဟုတ်ပါလား...။လွမ်းတယ်တော့ မဟုတ်ဘူး...။
အတွေးတွေထဲ မင်းဝင်လာရင် သတိတော့ ရမိသား...။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သလင်း... ယခုဆို ဖေဖေထားခဲ့သော လုပ်ငန်းများဖြင့် ကုမ္ပဏီ တစ်ခုကိုပင် ဦးစီးနေချေပြီ..။ လုပ်ငန်းတွေကိုလည်း တော်တော်များများ တိုးချဲ့ထားနိုင်ပြီ..။
စီးပွားရေးလောကတွင် Crystal ဟူသော အမည်သည် မသိသူ ရှားလှစွာ..။
အချိန်တွေ ကြာလာလည်း baby ကို သလင်း ချစ်မြဲသာ..။
သလင်းသည် အစွဲအလမ်းကြီးသည်။ အချစ်ကြီးသည်။ ထို့အတူ အတ္တလည်း ကြီးလှသည်။ မိမိ အဝေးရောက်နေသော်လည်း ရှင်ယွန်းနှင့် ပတ်သတ်၍ အဆက်မပြတ်ခဲ့။ အဝေးမှ နေ၍ ရှင်ယွန်းနှင့် ပတ်သတ်သမျှ စုံစမ်းနေခဲ့သည်။ ရှင်ယွန်းနားတွင် အစောင့်အရှောက်များအဖြစ် လူလွှတ်ထားခဲ့သည်။
"baby ဆီ ကိုယ်လာခဲ့မှာပါ...."
.......................................................
💜💜💜
Kuromi💜
YOU ARE READING
Mine
RomanceBaby က ကိုယ့်အပိုင်ပဲ... သလင်းနှင်းဆီ ရှင်ယွန်းက အရုပ်တစ်ရုပ် မဟုတ်ဘူး.. ရှင်ယွန်းမီ