ရှင်ယွန်းကို အထက်လူကြီးက ရုံးချုပ်တွင် အလုပ်ပြောင်းရမည်ဟု ပြောလာသည်။ ရာထူးလည်း တိုးသွားသည်။
" အလုပ်ကို ပိုကြိုးစားရတော့မှာပေါ့....မနက်ဖြန်ဆို ပြောင်းရပြီပဲ...ဟူး..."သိမ်းစရာရှိသည်များကို သိမ်းဆည်းကာ မနက်အတွက်သာ အားမွေးထားလိုက်တော့သည်။ သူဌေးရဲ့ အတွင်းရေးမှူး လုပ်ရမည် ဆိုပဲ ...။ ဘာကြောင့်မှန်း မသိ..။
ရှင်ယွန်းက အလုပ်ကြိုးစားလို့ နေမှာပါ...😎။နံနက်ဖြန်ဆို baby က သူ့အနား ရောက်လာတော့မှာ... babyကို ရုံးခွဲကနေ သူ့အတွင်းရေးမှူး အဖြစ် ခန့်အပ်လိုက်သည်။ သူမကို တွေ့လိုက်လျှင် baby ဘယ်လို ဖြစ်သွားမလဲ... အံ့သြသွားမလား... ပျော်သွားမလား.....
ချစ်လိုက်တာ babyရာ.....။~~~~~~~~~~~~~~~~~~~~~~
Crystal Company ရှေ့သို့  ရှင်ယွန်း ရောက်လာခဲ့ပြီ...။
ခမ်းနားလှသော အဆောက်အဦးကြီး အတွင်းသို့ ဝင်ရောက်လာကာ CEO ၏ ရုံးခန်းကို မေးရင်း တက်လာလိုက်သည်။
Boss ၏ ရုံးခန်းဟုသော အခန်းရှေ့တွင် အမျိုးသမီး တစ်ဦးက....
" ညီမက ရှင်ယွန်းမီ လား... "
သူမအား ကြည့်ကာ မေးသဖြင့်...
"ဟုတ်.... ဟို boss အခန်းက...""Boss ကမှာထားလို့ပါ သူက မလာသေးဘူး...။ အမနောက် လိုက်ခဲ့နော်... ညီမလေး လုပ်ရမယ့် အလုပ်တွေကို ပြောပြပေးမို့..အမ နာမည်က မြတ်လွန်း တဲ့ မှတ်ထားနော်..."
"ဟုတ်..အမ.. ရှင်ယွန်းကို ကူညီပါနော်... ရှင်ယွန်းလို့ပဲ ပေါ့ပေါ့ပါးပါး ခေါ်ပါလား... Hee..."
"ဟုတ်ပါပြီ ရှင်ယွန်းရယ်.."အမ မြတ်လွန်း နောက် လိုက်သွားပြီး သူမ လုပ်ရမည်တို့ကို သင်ယူနေလိုက်သည်။ Bossဆိုတဲ့လူက အခုထိတောင် ရောက်မလာသေးဖူး...
ညနေ ရုံးသာ ဆင်းသွားတယ်.... boss ဆိုတဲ့လူကို မတွေ့ရလိုက်......
~~~~~~~~~~~~~~~~
ယနေ့ ရုံးသွားခါနီးမှ အရေးတကြီး ကိစ္စပေါ်လာ၍ ကမန်းကတမ်း သွားလိုက်ရသေးသည်။
YOU ARE READING
Mine
RomanceBaby က ကိုယ့်အပိုင်ပဲ... သလင်းနှင်းဆီ ရှင်ယွန်းက အရုပ်တစ်ရုပ် မဟုတ်ဘူး.. ရှင်ယွန်းမီ