သလင်း အလုပ်ကိစ္စတွေ ပစ်ထားမိတာ ကြာပြီ ဖြစ်၍ honeymoon ကို ဖူးခက် ကိုသာ ရွေးလိုက်ရလေသည်။
ဒါကလဲ baby အလိုကျပင်.... ။အခုမှ လုံးလုံးလျားလျား ကလေးထိန်း ဘဝ ရောက်နေပေတော့သည်။
ရှေ့က ကြော့ကြော့မော့မော့နှင့် အခန်းသော့ကိုင်ကာ ထွက်သွားသော ရှင်ယွန်းနောက် အထုပ်ကြီး အထုပ်ငယ် ဆွဲကာ လိုက်နေရသော သလင်း..... ။" ဟူး.... မောလိုက်တာ.... "
ချွေး ဒီးဒ်ီး ကျနေပေသည်။
သော့ဖွင့်ကာ ဝင်သွားသော နောက် လိုက်ဝင်လာကာ အထုပ်တွေ ပစ်ချပြီး အနားရှိ ဆိုဖာပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်မိသည်။
" ဒါမျိုးကျ မောတတ်တယ်..... ဒါလေး သယ်ရတာကို.... "
ပစ္စည်းတွေ နေရာချကာ သိမ်းနေသော သူမလေး...... ။
သလင်း ထ သွား လိုက်ပြီး သူမရဲ့ နောက်မှ ခန္ဓာကိုယ်လေးကို သိမ်းကျုံး ဖက်လိုက်ကာ ပခုံးလေးထက်ဆီ မေးတင်ထားလေသည်။
" ဟာ.... သလင်း.... ဘာလုပ်တာလဲ.... "
လက်ကို ဆွဲဖြုတ်ကာ ရုန်းနေသော သူမ...
" ကိုယ့်မိန်းမကို ကိုယ်ဖက်တာလေ... "
ကိုယ့်မိန်းမ ဟူသော အသုံးအနှုန်းကြောင့် ရှင်ယွန်းရင်ထဲ ဒိတ်ခနဲ.....
အခုထိ နေသားမကျသေးပါပေ ။" ငြိမ်ငြိမ်နေကွာ.... ဒီမှာ ပင်ပန်းနေတာကို..... "
ခပ်တင်းတင်း ဆွဲဖက်လိုက်တာကြောင့် ရင်ခွင်ထဲမှ သူမလေး ငြိမ်သွားလေသည်။
အငြိမ်မနေသည်က သလင်း.....
တဖြေးဖြေး ကျူးကျော်လာသော.နှုတ်ခမ်း တစ်စုံသည် ရှင်ယွန်းရဲ့ လည်တိုင်ထက်မှသည် မျက်နှာ နုနု ဆီသို့......
" သလင်း..... တော်တော့ဟာ....
ရေသွားချိုး.... ချွေးတွေနဲ့ကို...."" တူတူချိုးရအောင်လေ babe~~~ "
' ဒေါက်! '
YOU ARE READING
Mine
RomanceBaby က ကိုယ့်အပိုင်ပဲ... သလင်းနှင်းဆီ ရှင်ယွန်းက အရုပ်တစ်ရုပ် မဟုတ်ဘူး.. ရှင်ယွန်းမီ