မနက်နိုးတော့ ရင်ခွင်ထဲမှာက baby
နဖူးကို အသာအယာစမ်းကြည့်လိုက်တော့ အဖျားက ကျသွားပြီထင်။ ကိုယ်မပူတော့..။ အသာအယာ ဖယ်ကာ ထလိုက်ပြီး သူမလေး အတွက် ဆန်ပြုတ် ပြုတ်ပေးရမည်။
မျက်နှာသစ် သွားတိုက်ကာ မီးဖိုခန်းထဲ သွားပြီး ဆန်ပြုတ်အတွက် ပြင်ဆင်ပေးနေသည်။ဆန်ပြုတ် ပြုတ်ပြီးတော့ အသေအချာ ထည့်လာပြီး သူမဆီသို့ ယူလာလိုက်သည်။
ဘေးက ခုံတွင် ခဏ တင်လိုက်ပြီး
စောင်ပုံထဲတွင် မြုပ်နေသော baby ကို"..baby... baby... ခဏထဦး...
ကိုယ် ဆန်ပြုတ် လေး ပြုတ်လာတယ်... ထသောက်ဦးနော်...."အိပ်ယာထဲက သူမလေး အနားကို ကပ်ပြီး ပါးလေးကို အသာဆွဲကာ...
"ဟင့်အင်း.... မသောက်ချင်ပါဖူး..."
မျက်လုံးက မဖွင့်... ခေါင်းကို ဇွတ်ယမ်းကာ နေသော baby ပိစိ..
ပါးတွေတောင် ပိန်သွားသလိုပဲ...
"မရဖူး...baby... အခုတောင် ပါးတွေ ပိန်သွားပြီ... ပါးလေးတွေ ပြန်ဖောင်းလာအောင် သောက်လိုက်ပါနော်... နော်..baby..."
"ဟင့်အင်း... မသောက်ချင်ပါဖူးဆိုမှ...."
ခေါင်းမာနေသော babyပေါက်စ....
ဘယ်လို လုပ်ရမလဲ...."okလေ... baby....
ကိုယ်က ဇွန်းနဲ့ ခွံ့တိုက်မလို့ပဲ...
အက်တာကို baby က အကြောတင်းနေတော့...
ကိုယ့်နှုတ်ခမ်းတွေနဲ့.....""တော်....တော်... ကိုယ့်ဘာသာပဲ သောက်တော့မယ်... ဘယ်မှာလဲ ပန်းကန်... ပေး..ပေး..."
အသည်းအသန် ပြာယာခတ်ကာ ထလာသော baby...
ဒါမျိုးကျ ကြောက်တတ်သား...
ကမ်းပေးလိုက်သော ဆန်ပြုတ်ပန်းကန်ကို ခေါင်းငုံ့ကာ အမြန်သောက်နေသော baby..."ခေါင်းကြီးလဲ ဝင်သွားပါ့မယ် baby ရာ..ကိုယ် ခွံ့မယ်လေ..."
"..."
လူကို မော့ပင် မကြည့်တော့....
baby သည် တစ်ခါတစ်လေ အရမ်းဆိုးသော ကလေးလိုပင်..။
ဒါကိုပင် မိမိက အချစ်ပိုနေရသည် မဟုတ်ပါလား..။
YOU ARE READING
Mine
RomanceBaby က ကိုယ့်အပိုင်ပဲ... သလင်းနှင်းဆီ ရှင်ယွန်းက အရုပ်တစ်ရုပ် မဟုတ်ဘူး.. ရှင်ယွန်းမီ