မှိတ်ထားသော မျက်လုံးတွေ တဖြေးဖြေးပွင့်လာပြီး လူက လှုပ်စိ လှုပ်စိ...
ညက ဘာတွေ ဖြစ်သွားသေးလဲ..
အခုက အိပ်ယာထဲမှာ.. ခေါင်းအုံးထားသော အရာကို စမ်းကြည့်လိုက်တော့ လက်မောင်းကြီး!
မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ မိမိရှေ့ကဟာက သလင်း !!!!
ဒါဆို...မနေ့က သလင်းနှင့် ဖုန်းပြောပြီး လူက စိတ်တိုသွားသည်။ ထိုမိန်းမနှင့် မတွဲစေချင်.... သဝန်တိုသည် ပြောပြော...
ထိုကနေ စိတ်ညစ်လို့ ဆိုပြီး လမ်းထိပ်က minimart မှ soju ပုလင်းတွေ သွားဝယ်လာသည်။ ထို့နောက် သောက်သည်။
တစ်ပုလင်း..နှစ်ပုလင်း..သုံးပုလင်း...
အဲ့ဒါပြီးတော့...ပြီးတော့... ဘာမှ မသိတော့ဖူး...
သလင်းပြန်လာတော့ ဘာတွေ လုပ်မိသေးလဲ....
အိစ်.. ရှင်ချင်တာပဲ.. မူးလာရင် ကိုယ့်ကိုယ်ကို နိုင်သည်မဟုတ်။
လုပ်ချင်ရာ လုပ်တတ်ခြင်း။ခေါင်းကလဲ ကိုက်လာပြီ။
အိပ်ယာက ထမည် အပြု...
ခါးကို လှမ်းဖက်ပြီး ဆွဲချလိုက်သော လက်တစ်စုံကြောင့် လူက အရှိန်မထိန်းနိုင်ဘဲ ပစ်ကျသွားသည်။
မိမိပြုတ်ကျသည်က ဆွဲချသော သလင်း၏ ရင်ဘတ်ပေါ်ကို...
မိမိရင်ခွင်ထဲကို ပစ်ကျလာသော ကိုယ်လေးကို ဆွဲသိမ်းဖက်လိုက်ပြီး တစ်ပတ်လှိမ့်လိုက်သောကြောင့် ရင်ယွန်းမှာ သလင်းက အပေါ်က မိုးထားသလို..."အ... ဘာလုပ်တာလဲ... ဖယ်..!"
လူကို ဆွဲလားရမ်းလား ဖက်လား နဲ့...
"ဟင့်အင်း.... အိပ်ချင်လို့... ညက baby မူးပြီး ရစ်တာ.. အိပ်မရဖူး... "
ဘာမှ မဆိုင်တာ... ဒါသက်သက် ညစ်နေတာ...
လှုပ်စိ လှုပ်စိနှင့် ရုန်းနေသော်လည်း မရ.."သလင်း.....ဖယ်ဟာ..."
"ဟင့်အင်း... အိပ်မယ်...နော်..."
YOU ARE READING
Mine
RomanceBaby က ကိုယ့်အပိုင်ပဲ... သလင်းနှင်းဆီ ရှင်ယွန်းက အရုပ်တစ်ရုပ် မဟုတ်ဘူး.. ရှင်ယွန်းမီ