Day 4

1.7K 165 9
                                    

ခန္ဓာကိုယ်တစ်ခုလုံး အခွံကြီးသက်သက်ပါပဲ။
ပျော်ရွှင်ခြင်းဆိုတာတွေ ဝမ်းနည်းတာတွေ စိတ်ဓာတ်ကျတာတွေ
ဘာဆိုဘာမှ မခံစားမိတော့တဲ့ ခန္ဓာနဲ့ ကျွန်တော်ပါပဲ။

စိတ်ကလေးကို ခင်ဗျားရှိရာ အရပ်ဆီ လွှတ်လိုက်တယ်
ခင်ဗျား ကောင်းမွန်စွာ နေထိုင်နေတာပဲ။
ကျွန်တော်မဟုတ်တဲ့ မိန်းမတစ်ယောက်ကို ဘေးမှာ ထားရင်း
ရယ်မောပျော်ရွှင်နေတာပဲ။
နာနာကျင်ကျင်ပြုံးမိတယ်။
ကျွန်တော်သာလျှင် အရူးတစ်ယောက်ဖြစ်ခဲ့ရတယ်။

ခင်ဗျားဆုတောင်းကောင်းသလောက်
ကျွန်တော် ဆုတောင်းမှားခဲ့တယ်။

ကတိတွေပေးခဲ့တာတော့ ခင်ဗျားပါပဲ
စောင့်ထိန်းရသူက ကျွန်တော်ပါ
တစ်သက်လုံးချစ်မယ်ဆိုတာလည်း
တနည်းအားဖြင့် မသေမချင်းငါ့စိတ်နဲ့နေလို့ အဓိပ္ပါယ်ရတာပဲ။

အစကတည်းက သီအိုရီလွဲခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ပါ
ချစ်မိတဲ့ ကျွန်တော့်အမှားလို့ပဲ နာမည်တပ်ပါတယ်။
မမုန်းနိုင်တဲ့ ကျွန်တော်က လွမ်းပေးမယ်
ဪ ... ပိုချစ်တဲ့သူက ရှုံးရတာ ဓမ္မတာပါပဲ။

10 days after you leftWhere stories live. Discover now