Day 7

1.1K 140 1
                                    

မုန်တိုင်းတွေကို ဘာလို့ကိုယ်ပိုင်နာမည်ပေးထားလည်း
အခုတော့ ကျွန်တော် နားလည်တတ်ခဲ့ပြီထင်တယ်။
တစ်စစီမွှေနှောက်ဖျက်ဆီးပြီး
လျစ်လျူရှုထားပစ်ခဲ့တဲ့ အစွမ်းသတ္တိ မုန်တိုင်းတွေမှာရှိတယ်။
မဖိတ်ခေါ်ပါပဲ ကျွန်တော့်ဘဝထဲ ဝင်လာတယ်။
မမျှော်လင့်ပါပဲ ဒဏ်ရာတွေပေးတယ်။
မနှင်ခဲ့ပါပဲ ထွက်သွားတယ်။
ခင်ဗျားနာမည်နဲ့စတဲ့ မုန်တိုင်းတစ်ခုပဲ။
ဒါပေမယ့် နာကျင်ခြင်းမှာ ကျွန်တော်ကို သာယာစေတယ်။

ကျွန်တော် တတ်နိုင်သလောက် ချစ်ပေးခဲ့တာပဲ
အဲ့ဒါကြောင့် ခင်ဗျားမသယ်ဆောင်နိုင်လောက်အောင်
လေးလံသွားတာလည်း ဖြစ်နိုင်တယ်။

ခင်ဗျားကိုယ်သင်းနံ့တွေ စွဲကပ်နေတဲ့ လက်ကိုင်ပုဝါလေး
ခုထိ သိမ်းထားတာကို ခင်ဗျားမြင်ရင်
ကျွန်တော်ခင်ဗျားကို ဘယ်လောက်ချစ်ကြောင်းရိပ်မိမှာပါ
တစ်ခုခုစားပြီးတိုင်း ပေပွနေတတ်တဲ့
နှုတ်ခမ်းထောင့်စွန်းကိုသုတ်ရင်း
ခင်ဗျား ကျွန်တော့်ကို လှစ်ခနဲ သတိရပါ။

တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံမှာ ကျွန်တော့်အကြောင်း
ခင်ဗျားတွေးမိတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

10 days after you leftWhere stories live. Discover now