Second

5.8K 648 35
                                        

11.11.2018 နေ့သည်
ကျတော့်ဘဝမိုးမှောင်ကျတဲ့နေ့

စီးပွားရေးလောကတွင် ဒိတ်ဒိတ်ကြဲ
Company နှစ်ခုပေါင်းစပ်မှုကို
သရုပ်ဖော်ထားတဲ့ လက်ထပ်ပွဲနေ့

အနေအထိုင် စိတ်နေစိတ်ထား နဲ့
ခံယူချက် တွေ တစ်ခုမှမတူညီပဲ
အတ္တတွေ မာနတွေ နဲ့ ပြည့်နှက်နေတဲ့ သူ့ကို
မျက်စိစုံမှိတ်ပြီး လက်ထပ်ရမယ့်နေ့

အောင်မြင်တဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်ချင်တဲ့
အိပ်မက်သာ မရှိခဲ့ဘူးဆိုရင်
လက်ထပ်ပွဲကို လက်မခံခဲ့ပဲ
မိဘရင်ခွင် စုံကန်ပြီး အဝေးတစ်နေရာကို ထွက်သွားမိပါလိမ့်မယ်

" မင်္ဂလာပွဲနေ့မှာတော့ ကျက်သရေရှိအောင်
မင်းမျက်နှာကို ပြုံးထားသင့်တယ် "

" ကျတော့်မျက်နှာကို ကျတော်ပိုင်တယ်
ကျတော် ပြုံးခြင်း ရယ်ခြင်း တွေက ခင်ဗျားနဲ့
မပတ်သတ်ဘူး "

" ငါနဲ့မပတ်ဘူး မင်းမျက်နှာကို ငါမပိုင်ဘူးဆိုပေမယ့်
မင်းယောကျာ်းဖြစ်လာတော့မယ့် ငါ့မှာ အမိန့်ပေးပိုင်ခွင့်ရှိတယ် "

" ကျတော့်ကို အမိန့်ပေးနိုင်တဲ့သူက ဒီလောကမှာ
မိဘ ၂ပါးပဲရှိတယ် "

ကျတော့်ရဲ့ စကားက သူ့အပေါ် အရှိန်ပြင်းပြင်းနဲ့
သက်ရောက်မှုရှိတယ်ထင်ပါရဲ့
ဒေါသကြောင့် သူ့မျက်နှာကြီးနီရဲသွားပြီး
စည်းလက်စ နက်ခ်တိုင်ကို ခပ်ပြင်းပြင်းဆွဲချွတ်လိုက်ပြီး
အခန်းအပြင်ကို ထွက်သွားတယ်

" မနိုင်ပဲနဲ့ နိုင်ချင်သေးတယ်
မုန်းဖို့ကောင်းတဲ့ လူကြီး "

ထွက်သွားတဲ့သူ့အပေါ် အားနာစိတ်အလျင်းမရှိပဲ
ကျတော် မျက်နှာကို အနည်းငယ် ပြင်ဆင်နေစဉ်

" Baekhyun ပြင်လို့ဆင်လို့ပြီးပြီလား "

" Nae .. Appa ပြီး .. ပြီးပါပြီ "

" ပြီးရင် ထွက်လာခဲ့တော့ ဒါနဲ့
မင်းမျက်နှာထားကိုပြင်တော့နော် Baekhyun
ကောင်းတဲ့ကိစ္စလုပ်နေတာ .. မျက်နှာကို စူပုတ်မနေနဲ့ "

" Miyan ... Appa ကျတော် ဆင်ခြင်ပါ့မယ် "

သေချာတယ် အဲ့ဒါ ဟိုလူကြီးကြောင့်
Appa ဆီ ကျတော့်အကြောင်းတွေသွားတိုင်ပြောတာ
ဒါကြောင့် ကျတော့်ဆီကို
Appa ချက်ချင်းရောက်လာပြီး ခုလို ဆူသွားတာ

Will you marry me ?Where stories live. Discover now