📧 Park Baekhyun
လချုပ်စာရင်းတွေယူပြီး ငါ့အခန်းထဲလာခဲ့Park Chanyeol က ဒီကုမ္ပဏီမှာ
CEO ဖြစ်တဲ့နေ့ကစပြီး ကျတော့်ဆီကို
ဖုန်းဆက်နေတာ ခဏခဏဘယ်တော့ စာရင်းပြီးမှာလဲ ?
Share တွေအကြောင်းရှင်းပြ ?
Depreciation ကို yearly တွက်တာလား
Monthly တွက်တာလား ?Fixed Assets တွေက တန်ဖိုးလျှော့လား
ပြန်ရောင်းရင်ဘယ်လောက်ရနိုင်လဲ ?စသည်ဖြင့် လုပ်ငန်းအပေါ်သက်ရောက်မှု
အရမ်းမရှိတဲ့ လက်ပေါက်ကပ်စရာ
မေးခွန်းတွေကို တောက်လျှောက်
ဖုန်းဆက်ပြီးမေးနေတာမို့လို့
ရုံးခန်းမှာဆိုစာရင်းကောင်းကောင်း ဆွဲမရခဲ့ပေတခါတည်းရှင်းပြပေးထားရင်လည်း
ဘယ်တော့မှ မှတ်မထားခဲ့ဘဲ
ကျတော့်ဆီကိုသာ ဖုန်းခနခနဆက်ပြီး
အမေးအမြန်းထူလေ့ရှိသည်ဒီလအတွက် လချုပ်စာရင်းစောစော
မအပ်နိုင်ရင်လဲ ပွစိပွစိနဲ့ ကျတော့်ကို ရစ်နေဦးမယ်
ဒါကြောင့် ဖုန်းကိုပိတ်ပြီး စာရင်းပဲ
အေးအေးဆေးဆေးဆွဲနေစဉ်
Email နဲ့ စာပို့ပြန်သည်စာရင်းအားလုံးဟာ အပြီးသတ်သင့်သလောက်
ပြီးနေပြီမို့လို့ လချုပ် နှစ်ချုပ် စာရင်းစာအုပ်
အထပ်လိုက်နဲ့ စာရင်းနဲ့ပတ်သတ်တဲ့
အချက်အလက်အားလုံးထည့်သွင်းပြီး
သူ့ရုံးခန်းဆီဦးတည် လာခဲ့သည်" CEO နဲ့တွေ့ချင်လို့ "
ကျတော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုအခြေအနေကို
Company တစ်ခုလုံးက ဝန်ထမ်းအားလုံး
သိသော်ငြားလည်း အခုချိန်မှာတော့
သူ့ကို CEO ဟုသာခေါ်ဆိုသုံးနှုန်းပြီး
ရိုသေပါတယ်အခုလည်း သူလှမ်းခေါ်တာမို့လို့
အတွင်းရေးမှူးကိုမပြောမဆိုပဲ အခန်းထဲ
တန်းဝင်လို့ရတဲ့အခြေအနေမှာ
စည်းမျဉ်းစည်းကမ်းတွေကို ကျတော်လိုက်နာခဲ့ပါသည်" ဟို Baekhyun si .. CEO က share ရှင်
တစ်ယောက်နဲ့ စကားပြောနေပါတယ် "သူကျတော့်ကို လှမ်းခေါ်တာနဲ့ ချက်ချင်းလာခဲ့တာပဲ
အခုတော့ သူက Share ရှင်နဲ့စကားပြောနေတယ်တဲ့
ဒါဟာ ကျတော့်ရဲ့ သည်းခံနိုင်စွမ်းတွေကို
စမ်းသပ်နေတာပဲ ..
ကျတော့်ကို စာရင်းချုပ်တဲ့နေရာမှာ
စိတ်အနှောင့်အယှက်ပေးပြီး သူ့အခန်းရှေ့မှာ
အချိန်အကြာကြီး စောင့်နေစေချင်တာပဲ
