Fourth

5.5K 705 53
                                    

Japan က လုပ်ငန်းကို 
Appa ဆီမှာ အပိုင်တောင်းပြီး
လုပ်ငန်းချဲ့ထွင်လာခဲ့တာ
၃နှစ်သက်တမ်းကြာတဲ့အခါမှာ
တရုတ် နဲ့ ကိုရီးယားမှာပါ ကုမ္ပဏီလက်ခွဲတွေဖွင့်လာနိုင်တယ်

Japan မှာ နေခဲ့တဲ့ ၃နှစ်အတောအတွင်းမှာ
ကွာရှင်းပြီးသားသူ့ကို
တသသလွမ်းဆွေးနေသည်မဟုတ်ပဲ
နှစ်ဦးပိုင် Company ကို သူဘယ်လိုဦးဆောင်နေလဲ
သိချင်လို့ စုံစမ်းကြည့်တဲ့အခါ
သူ့ Appa ကပဲ ပြန်လည်ဦးစီးနေတယ်တဲ့

သိသားပဲ အဲ့ကောင်လေးက
စာရင်းဆွဲဖို့ကလွဲရင်
ကျန်တာမလုပ်တက်ပါဘူးလို့

ကွာရှင်းထားခဲ့တာ မှန်ပေမယ့် ခုအချိန်ထိ
နှစ်ဖက်မိဘတွေက အခင်အမင်မပျက်သေးသလို
ကျတော့် မိဘ သူ့မိဘတွေက
ပြန်ပေါင်းထုတ်ဖို့ တိုက်တွန်းနေဆဲပါပဲ

ကျတော့်ဘက်က အိမ်ထောင်ရေးကို
ပြန်ပေါင်းထုတ်ချင်ရင်တာင်
တစ်ဦးအပေါ် တစ်ဦး မချစ်မနှစ်သက်တဲ့
ခြောက်ကပ်ကပ်အိမ်ထောင်ရေးဆိုရင်တော့
လုံးဝပြန်လည်မစတင်ချင်တော့ပါဘူး

ကွာရှင်းတာ ၃နှစ်ကျော်ကြာနေသော်လည်း
သူက အိမ်ထောင်အသစ်မတည်ထောင်သလို
တွဲနေတဲ့သူပါ မရှိဘူးဆိုတော့
ကျတော်တို့နှစ်ယောက်
အိမ်ထောင်ရေး ပြန်ပေါင်းထုတ်ဖို့အတွက်
မိဘတွေက အတင်းအကြပ်တိုက်တွန်းနေပါပြီ

အခုတော့ ကျတော်က သူနဲ့
ပြန်လည်မပေါင်သင်းသေးပေမယ့်
မိဘတွေရဲ့ အစီအစဉ်အရ
နှစ်ဦးပိုင် Company ကို ပြန်လည်ဦးစီးဖို့အတွက်
ကိုရီးယားကို ပြန်လာခဲ့ခြင်းဖြစ်တယ်

ကိုယ့်နိုင်ငံကိုပြန်ရောက်လာပြီဆိုတဲ့ အသိကြောင့်
ရင်ဘတ်ထဲမှာ အမျိုးအမည်မသိတဲ့ခံစားချက်နဲ့အတူ
နွေးထွေးသွားရတယ်

ကျတော် ပြန်လာတာကို
မိဘတွေဆီအကြောင်းကြားထားတာမို့
တစ်ယောက်ယောက်များ လာကြိုလေမလားဆိုတဲ့
စိတ်နဲ့ လေယာဉ်ကွင်းထဲ မျက်စိဝေ့ဝိုက်ကြည့်နေစဉ်

" Chanyeol si .. Appunim ကမအားလို့
ကျတော့်ကို ကြိုခိုင်းလိုက်လို့ပါ
ကျတော် ဘာသယ်ပေးရမလဲ "

ကျန်ခဲ့တဲ့ ၃နှစ်တုန်းက ကျတော်နဲ့ လက်ထပ်ခဲ့တဲ့
Park Baekhyun ဆိုတာ သူပါလား လို့
ကိုယ့်ကိုကိုယ်ပြန်မေးရလောက်သည်အထိ
သူဟာ အရမ်းချောလာပြီး မြင်မြင်ချင်း
ကျတော့်ကို ပြန်လည်ရင်ခုန်စေတယ်

Will you marry me ?Where stories live. Discover now