ကြီးမား ကျယ်ပြန့်လှသော ဟိုတယ် အခန်းကြီးထဲ
အပ်ကျသံတောင် ကြားရလောက်သည်အထိ
တိတ်ဆိတ်ငြိမ်သက်နေတယ်မှာထားတာမို့လို့တာဝန်အရလာချပေးထားတဲ့
ဟင်းပွဲတို့ကလဲ အချိန်ကြာလာတော့
အေးစက်စွာရှိနေသည်အဖေ ၂ ယောက်ရဲ့ မျက်နှာထားက
တင်းမာနေသလို
အမေ ၂ ယောက်ကကတော့
သားတွေကို ဖျောင်းဖျနေပုံပေါ်တယ်" ကျတော် ဒီကိစ္စကို
ဘယ်လိုမှလက်မခံနိုင်ဘူး Appa "" တိတ်စမ်း ! Chanyeol ..
ဒီကိစ္စကို ငြင်းဆိုပိုင်ခွင့် မင်းမှာမရှိဘူး "" Appa တို့ စီးပွားရေးတွေ အဆင်ပြေဖို့
Company ၂ ခုပေါင်းစည်းတဲ့အခါမှာ
ကျတော်တို့ က ဘာမဆိုင်ညာမဆိုင်
လက်ထပ်ပေးနေရမှာလား "" Baekhyun .. မင်း စကားတက်တိုင်း
တီတီတာတာပြောမနေနဲ့
အရင်ကတော့ မင်းရဲ့စကားတွေ လက်ခံပေးပေမဲ့
အခုတော့ ငါပြောတဲ့အတိုင်းကိုလုပ်
မလုပ်နိုင်ရင် အိမ်ပေါ်ကဆင်း "" Appa က .... ကျတော်
အပြင်မှာ တစ်ယောက်တည်း မရပ်တည်နိုင်ဘူးဆိုတာ
သိနေတာမို့ ခုလိုပြောထွက်တာမဟုတ်လား "" ........ "
" ဟုတ်ပြီ .. ကျတော်လက်ခံတယ်
အဲ့ဒီ့ဘက်က လက်ခံရင်
မင်္ဂလာပွဲဖြစ်တယ်လို့သာ သက်မှတ်လိုက်ပါ
ကျတော့်ကို ခွင့်ပြုပါဦး .. "ဝေ့သီနေတဲ့ မျက်ဝန်းထဲက မျက်ရည်များကို
ထိန်းချုပ်လို့ စိတ်ငြီးငြူစရာကောင်းတဲ့
ထိုအခန်းထဲက ခပ်မြန်မြန်ထွက်လာခဲ့တယ်" ဟူးးးးး "
အခန်းအပြင်ရောက်မှ
အသက်ရှူခွင့်ရသွားသလိုပါပဲ
လေးပင်နေတဲ့ခြေလှမ်းတွေကို
တရွတ်တိုက်သယ်ဆောင်ပြီး ကားပါကင်မှာရှိတဲ့
မိမိ ကားအနီလေးရှိရာကို ဦးတည်လိုက်တယ်ကျွီ ကျွီ ..
ကားတံခါးဖွင့်ပြီး အထဲဝင်လိုက်စဉ်
တပြိုင်နက်တည်း ဘေးဘက်က ကားတံခါးကိုဖွင့်ပြီး
ကျတော့်ရဲ့ ဘေးကခုံမှာ အခန့်သားနေရာယူထိုင်နေတဲ့
မကြာခင် လက်ထပ်ရမယ့် ကျတော့် သတို့သားလောင်း
![](https://img.wattpad.com/cover/146211911-288-k553231.jpg)