Third

5.3K 648 56
                                        

သူခရီးထွက်နေချိန်မို့လို့ ကျတော့်အတွက်
နေရထိုင်ရ စားရသောက်ရ အဆင်ပြေလှသည်
အိမ်အကြီးကြီးထဲမှာ ကျတော် တစ်ယောက်တည်း
အိပ်ယာထချင်တဲ့အချိန်ထတယ်
ရုံးသွားတယ် ပြန်ချင်တဲ့အချိန်မှပြန်တယ်

ဒီနေ့လည်း ရုံးပိတ်ရက်မို့ အိမ်မှာပဲ
အေးအေးဆေးဆေး နားနေရတယ်

" ဘာစားရပါ့မလဲ "

မနေ့တည်းက အပြင်မှာလဲ စားစရာမဝယ်ခဲ့တာမို့
ယခုလို ဗိုက်ဆာချိန်မှာ အခက်တွေ့လှသည်

မီးဖိုချောင်ထဲက ချက်ပြီးသား
အစားအစာတွေကိုလဲ မစားချင်

" Omma .. သား ဒီနေ့ ထမင်းလာစားချင်တယ် "

မိဘ နဲ့ အိမ်ချင်းမနီးသော်လည်း
ကား နဲ့သွားလျှင် နာရီဝက်လောက်နဲ့တော့ ရောက်နိုင်သည်

ဗိုက်ကဆာနေပြီမို့ အိမ်နေရင်း
အဝတ်အစားလေးနဲ့ပဲ
မိဘ အိမ်ကိုထွက်လာခဲ့သည်

အိမ်မှာလဲ Park Chanyeol မှ မရှိတာလေ
မိဘအိမ်ကို ခဏပြန်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့
ရန်မဖြစ်ရလောက်ပါဘူး

မိဘအိမ်ရောက်တာနဲ့ စိတ်ထဲမှာ နွေးထွေးသွားရပြီး
ပျော်ရွှင်လာရတယ် Omma ကလဲ ကျတော့်စားဖို့
အစားအစာတွေအများကြီးလုပ်ပေးထားတယ်

စားသောက်ပြီးတဲ့ အခါ အိမ်ကိုမပြန်သေးပဲ
Appa နဲ့ စာကြည့်ခန်းထဲမှာ အလုပ်ကိစ္စတွေ
ဆွေးနွေးနေရတယ်

ကျတော်က စာရင်း နဲ့ပတ်သတ်ရင်
အင်မတန်သဘောကျပြီး ရူးသွပ်သူမို့လို့
စာရင်းဇယားကို Appa နားလည်အောင် ရှင်းပြနေတာ
အချိန်တော်တော်ကြာသွားတယ်

" Appa နဲ့ Omma ကျတော် ပြန်ရတော့မယ်
ဒီနေ့ Park Chanyeol ပြန်လာမှာ ကျတော်
အိမ်မှာရှိနေမှဖြစ်မယ် "

" Aigooo .. မတွေ့ရတာကြာနေပြီဖြစ်တဲ့
Yeobo ကို လွမ်းနေပြီပေါ့ ဟုတ်လား သား "

" Nae .. Omma "

အပြုံးလေးနဲ့သာ ဟုတ်ပါတယ် ပြောခဲ့ပေမယ့်
Omma မှသေချာမသိတာ
အိမ်မှာရှိမနေရင် ဘယ်သွားနေတာလဲ
ဘယ်သူနဲ့တွေ့တာလဲ စသည်ဖြင့် အကြောင်းအရာတွေနဲ့
မမောနိုင်မပန်းနိုင် ရန်ဖြစ်ရဦးမည်

Will you marry me ?Where stories live. Discover now