" papaရေ babyဆီသွားမယ်လေ
သားကိုလိုက်ပို့ပေး "" အင်း ခနလေးသားငယ်
Paအလုပ်တွေလက်စသတ်ရအုံးမယ် "ဖြူ တုတ်တုတ် ခန္ဓာကိုယ်သေးလေးဟာ
Sofaခုံပေါ် အင့်ခနဲပစ်ထိုင်ချရင်း
Gameဆော့ကာ စောင့်နေလေတယ်။အလုပ်မပြတ်သေးသည့် လူကြီးကတော့
ကွန်ပြူ တာကို တချောက်ချောက်အနှိပ်မပျက်..တော်တော်ကြာသည်ထိ ဘာလှုပ်ရှားမှုမှ
မရှိတဲ့အခန်းထဲ ထိုလူကြီး၏ ကွန်ပြူ တာ
စာရိုက်သံနဲ့ကလေးငယ်၏ gameသံကသာ
အခန်းထဲနေရာယူထားလေ၏။ထို့နောက်တော့ လွန်စွာပျင်းရိသွားသည့်နှယ်
ကောင်သေးလေးမှာ ပျင်းကြောဆန့်ရင်း
သူ့အဖေရှိရာပြေးကပ်သွားပြန်၏။" papaရေ ထတော့ဗျာ
Babyဆီသွားဖို့နောက်ကျနေပြီ
Babyတော့ သားကို
စိတ်ကောက်နေတော့မှာဘဲ "" Paရေ ထတော့ ထတော့လို့ ပြန်လာမှလုပ် "
ပြောလဲပြော အဖေဖြစ်သူကိုအတင်းဆွဲထူ
နေသည်ကြောင့် ဖခင်မှာခေါင်းတခါခါဖြင့်
ရယ်လျက်မှ ထပေးလိုက်ရသည်။" တကယ်မလွယ်တဲ့ကောင်စုတ်လေး
သူ့babyကောက်မှာကျ သိပ်ကြောက်နေ
ကိုယ့်papaအလုပ်မပြီးသေးပါဘူးဆိုတောင်
မရဘူး "ပြောရင်းမှ အသဲယားသလို သားဖြစ်သူ၏
ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွလိုက်တော့..စိတ်ရှုပ်သလို လက်ကိုဆွဲဖယ်ရင်း
ဆံပင်တွေကို အသာပြန်သပ်တင်သည်။ဒါ့ထက်ဘာတဲ့...
" babyဘဲကိုင်ခွင့်ရှိတာမို့ မထိနဲ့.." ဆိုလား..
တယ် ဒီကလေးနှယ် ဒီbabyဘဲ
ဦးစားပေးနေ စိတ်မရှည်ရင်
အဲ့ဒီbabyနဲ့ဘဲ ပေးစားထည့်လိုက်ရ...ကိုယ့်သားဟာယောကျာင်္းဖြစ်နေလို့...
Babyဆိုတာကလဲ ယောကျာင်္းလေးဘဲမို့်..
အင်း စိတ်ကိုလျှော့ရတယ်။" paရာ သွားပါ့မယ်ဆို
ဘာတွေးနေပြန်တာတုန်း
အင်းနော် babyစိတ်ကောက်ရင်
Paကို မခေါ်တော့ဘဲနေမှာ "" အေးပါကွာ အေးပါ ခုသွားမယ် ဟုတ်ပြီလား
တကယ်ပါဘဲ လူကဖြင့် လက်တောက်လောက်
ရှိသေးတယ် အဖေကို ခြိမ်းလားခြောက်လားနဲ့ "
![](https://img.wattpad.com/cover/146834510-288-k669650.jpg)
YOU ARE READING
Jong baby&kyung koko
Romance" ဘာလို့ဒီလောက်ကြီး အရပ်ရှည်တာ မြန်ရတာလဲkim jong inရဲ့.... မသိဘူး jong babyအရွယ်ဘဲ ပြန်လိုချင်တယ် kim jong inကိုမလိုချင်ဘူး jong babyဘဲလိုချင်တာ?? " " ဟာဗျာhyungပုတုရာ လူချင်းအတူတူဘဲကို ဘာတွေပြောနေတာလဲ မသိဘူးနော် jonginneအရပ်ရှည်လာပြီဆိုတော့ လက်ထပ်လ...