" မထည့်ပေးဘူးနော် သွား မထိနဲ့ဆိုနေ "
" မဟုတ်သေးဘူးလေjonginneရယ် "
" မရဘူးဆိုနေ.. "
အိမ်တစ်ခုလုံးဗြောင်းဆန်အောင်
Kim jong inတို့ သောင်းကျန်နေခြင်းဖြစ်သည်အကြောင်းကတော့ hyungပုတုရဲ့ဖေဖေ
Jong inရဲ့အနာဂါတ်ယောက္ခထီးကြီး
ခရီးကနေပြန်ရောက်လာပြီး hyungပုတုကို
ပြန်ခေါ်သွားတော့မည်မို့ပင်။ချစ်ကြည်ရေးရထားတာမှမကြာသေး~~
အလိုလိုက်ခံဖို့ကြံစည်နေတာလေးတောင်
အထမမြောက်သေးတာကို ဒီလို
ပြန်ခေါ်သွားလို့ရမလား?နောက်ပြီးhyungပုတုကလဲ တိုးတိုးလေး
မှာထားသည်ပင် သူ့ကိုသူ့ဖေဖေလက်ထဲ
ပြန်မထည့်နဲ့ဟူ၍~~~မိဘတွေမှာလဲ ခေါင်းတကုတ်ကုတ်နဲ့
ဘာဆက်လုပ်ရမည်မသိ...ဒါ့ထက် သားနှစ်ယောက်ဟာ အမြင်မတော်စရာ
ဖြစ်နေတာခက်သည်။ကုတင်ပေါ်ကနေ ခြေနှစ်ဖက်တွဲလဲချကာ
ထိုင်နေတဲ့jong inပေါင်ပေါ် kyung sooဟာ
ဖားပျံလေးလိုခွလျက်ကပ်ဖက်ထားခြင်း~~Kyung sooကိုဆွဲဖယ်မယ်လုပ်တော့လဲ
Jong inကအထိမခံ ဟိုကိုယ်တော်လေးကလဲ
ခပ်တည်တည်နဲ့ပေကပ်ထိုင်နေဆဲ..စိတ်လေတယ် ကိုယ့်သားတွေမို့သာ
ဒီလောက်သည်းခံနေတာဖြစ်သည်ပင်။" အေး ခေါ်မသွားတော့ဘူးဟုတ်ပြီလား
Do kyung soo မင်း အဲ့ပေါ်ကနေဆင်းခဲ့ "နောက်ဆုံးတော့ ဒီအဖေဘဲ
လက်လျှော့လိုက်ရတာဖြစ်သည်။Jong inမိဘတွေမှာလဲ မနိုင်ဘူးဆိုတဲ့
မျက်နှာထားနဲ့ ငေးကြည့်ရုံသာတတ်နိုင်ကြ၏။ဒါတောင် ကလေးစုတ်တွေက အခုထိ
ပူးကပ်နေတုန်း...အံမယ် kim jong inက kyung sooကို
ပွေ့ဖက်ထားရုံသာမက ပါးလေးတွေကိုပါ
နမ်းပြနေသေးတာ!မိဘတွေရှေ့ကို ဒါ ,မခန့်တာ ကြည့်စမ်း><
" ဟေ့ကောင်တွေ ပလူးမနေနဲ့ ထတော့
Kyung sooကိုပြန်မခေါ်သွားဘူး
မျက်နှာသစ်ပြီး အောက်ဆင်းလာခဲ့ "" အင်း ".....ခနဲအဖြေပြန်ပေးပြီး kyung sooကို
ချီလျက်အတိုင်းပင်ပွေ့သွားတဲ့ jong inက
မျက်နှာသစ်ပေးဖို့လုပ်နေသည်ကြောင့်
အမြင်ကတ်ကတ်နှင့်တံခါးကိုဝုန်းခနဲပိတ်ကာ
အောက်ထပ်သို့ပြန်ဆင်းလာကြရသည်ပင်။
VOCÊ ESTÁ LENDO
Jong baby&kyung koko
Romance" ဘာလို့ဒီလောက်ကြီး အရပ်ရှည်တာ မြန်ရတာလဲkim jong inရဲ့.... မသိဘူး jong babyအရွယ်ဘဲ ပြန်လိုချင်တယ် kim jong inကိုမလိုချင်ဘူး jong babyဘဲလိုချင်တာ?? " " ဟာဗျာhyungပုတုရာ လူချင်းအတူတူဘဲကို ဘာတွေပြောနေတာလဲ မသိဘူးနော် jonginneအရပ်ရှည်လာပြီဆိုတော့ လက်ထပ်လ...