EXTRA(2)

2.4K 197 12
                                    

" Hyung ဒန်ဒန့်ဒန် ကြည့်စမ်းဒီကို "

လက်လေးနှစ်ဖက်ကိုနောက်ပစ်ရင်း အခန်းထဲ
လျှောက်လာတဲ့jong inက kyung soo
အနားရောက်သည်နှင့်ခုန်တဆွဆွလုပ်ကာ
ကလေးလေးလို အူမြူးပြနေခဲ့သည်။ထို့နောက်
ဖွက်ထားတဲ့လက်တို့ကို kyung sooရှေ့သို့
ဆန့်ထုတ်လိုက်တော့ cakeပန်းကန်လေးက
အတိုင်းသားပါလာ၏။

နီရဲရဲစတော်ဘယ်ရီသီးတွေနဲ့ အလှဆင်ထားတဲ့
Cakeမုန့်တစ်ခုဟာ ဤမျှချစ်စရာကောင်းဖို့
လိုပါရဲ့လားဟု kyung sooတွေးမိသွားသည်။

Cake designကတကယ်ဆိုရိုးရိုးလေးပင်~~

ခရစ်စမတ်အငွေ့အသက်တို့ပါအောင်
ခရစ်စမတ်သစ်ပင်သေးလေးတစ်ခုကို
ပုံဖော်ဆွဲထားပြီး cakeအနားသတ်ကို
စတော်ဘယ်ရီတို့နဲ့ဆင်ယင်ထားခြင်း!!

*Christmas???

Jong inပြတဲ့cakeကိုမြင်မှ ဒီနေ့ဟာ
ခရစ်စမတ်နေ့မှန်း သူသတိရသွားတာဖြစ်၏။
ဒီနေ့က Christmas Dayဘဲ!

" Christmas?? "

"Ommm! Merry Christmas,Hyung"

နားသယ်စပ်ကိုခပ်ဖွဖွထိတွေ့လာတဲ့
ပူနွေးတဲ့နှုတ်ခမ်းတစ်စုံ၏ အနမ်းနွေးနွေး
နှင့်အတူ kyung sooအတွက်တော့
ဒီနှစ်ရဲ့ခရစ်စမတ်ဟာ ခါတိုင်းထက်
ပိုထူခြားနေခဲ့လေသည်။ချစ်ရတဲ့သူနဲ့
အမှတ်တရနေ့ရက်တိုင်းဖန်တီးခွင့်ရလို့
ဘယ်လောက်ထိဝမ်းသာကြောင်း
သူပြောမပြတတ် အဲ့အစားမျက်ရည်ကသာ
ရုတ်ခြည်းဆိုသလို ကျဆင်းသွားခဲ့သည်။

ထိတ်ခနဲဖြစ်သွားသယောင်jong inက
မုန့်ပန်းကန်ကို ခပ်လှမ်းလှမ်းက စားပွဲပေါ်
ပြေးတင်ရင်း kyung sooအနား
ပြန်ရောက်လာပြီး မျက်ရည်ကြည်တို့ကို
လက်မနဲ့ခပ်သာသာဖိသုတ်ပေးသည်။

ထို့နောက်~~~

" ဘာလို့ငိုတာလဲHyungရဲ့
ကျွန်တော်လုပ်ပေးထားတာ မလှလို့လား
သဘောမကျလို့လား ဟုတ်လား "

ဘယ်လို ဒါဆို အဲ့ချစ်စရာcakeက
Jong inကိုယ်တိုင်လုပ်ပေးတာလား??

" မင်း မင်းကိုယ်တိုင်လုပ်တာလားအဲ့ဒါ "

" ဒါပေါ့ ကျွန်တော့်ရဲ့hyungသေးလေးကို
လက်ဆောင်ပေးချင်လို့ ဒီရက်ပိုင်းထဲ
မုန့်ဖုတ်နည်းကိုအသဲအသန်ကြိုးစားသင်နေတာ
ဒီနေ့လိုရက်မှာ hyungအတွက်
ကိုယ်တိုင်လုပ်ထားတဲ့လက်ဆောင်လေး
ပေးချင်လွန်းလို့ပါ လက်ရာကတော့
မသေသပ်သေးဘူး ဟီး "

Jong baby&kyung kokoDonde viven las historias. Descúbrelo ahora