8

3.8K 355 39
                                    

Hyungပုတုနဲ့ ငါးအရိုးစူးဟန်ဆောင်တဲ့နေ့၌
ပြန်တည့်သွားကြသည်ဖြစ်ရာ kim jong
Inလေးမှာ ငယ်ငယ်ကလို သဲသဲလှုပ်
အလိုလိုက်ခံနေရပါ၏။

ခုဆို babyဟု ပြန်လည်ခေါ်ဝေါ်လာရုံသာမက
တစ်ခန်းထဲပင်အတူတူအိပ်နေကြပြီဖြစ်သည်။
လက်ထပ်ဖို့ကိုလဲ အမြန်ဆုံးလုပ်မည်ဟုဆို၏။

Aigoo jong babyလေးဟာ
ကံတွေစွတ်ကောင်း~~~

" kyung kokoဒီမယ်ကြည့်စမ်း!
jong babyလက်သန်းလေးနာသွားပြီ..
အဲ့ဒါအုံဖွလုပ်ပေးပါ😢 "

လက်သန်းလေးကိုထောင်ပြီး
ငိုမဲ့မဲ့ရုပ်လေးဖြစ်နေပါသည့်babyကြောင့်
စာလုပ်နေရာကနေ အသဲအသန်ထပြီး
ကုတင်ပေါ် ပြေးတက်လိုက်ရသည်။

ထို့နောက် ထောင်ထားတဲ့လက်သန်းလေးကို
မွခနဲနမ်းလိုက်ပြီး တစ်ဆက်ထဲဆိုသလို
ခံတွင်းထဲ ထည့်ငုံထားပေးမိလိုက်သည်~

" ဟိဟိ မနာတော့ဘူး
Hyungပုတုရဲ့ပါးစပ်ထဲမှာဆိုတော့
အာငွေ့နဲ့နွေးပြီး အူတွေပါယားလာတယ်
နာတာလဲပျောက်သွားပြီ "

မျက်လုံးလေးတွေပိတ်ကျတဲ့ထိရယ်လေတော့
ခွက်ဝင်ချင်သလိုပါးချိုင့်မဟုတ်တဲ့
ချိုင့်ခွက်ငယ်ဟာ ခပ်ရေးရေးပေါ်သည်။

Babyဟာ ဘယ်လောက်တောင်
ချစ်ဖို့ကောင်းတဲ့ကလေးလေးလဲ~~

အဲ့ဒါကိုသူက တလွဲမာနနဲ့ ကလေးကို
စိမ်းကားပြခဲ့သေးတာTT.

တွေးကြည့်ရင် babyအပေါ်အားနာစရာဖြစ်လို့။

" hyungပုတု ဘာစဉ်းစားနေတာလဲ
မျက်နှာလဲမကောင်းဘူး "

စိတ်ပူသလိုမေးလာတဲ့babyစကားကြောင့်
Kyung sooမျက်နှာလေးမဲ့နေမိမှန်း
သတိထားမိလိုက်ပါ၏။

အမှန်ကိုပြောမလို့ဆိုပေမဲ့ အတွေးထဲ
တစ်နေ့ကကန်တင်းမှာ babyနဲ့အတူ
မြင်ခဲ့ရတဲ့ကောင်မလေးကိုသတိရလိုက်၍~~~

" babyက ဟိုတစ်နေ့တုန်းက
မိန်းကလေးတစ်ယောက်နဲ့အတူရှိနေတာမလား

အဲ့ဒါကို baekhyunကပြောတယ်
မင်းbabyကမင်းကိုပလစ်သွားပြီတဲ့လေ "

Babyနဲ့သူမ ဘယ်လိုပက်သတ်သလဲဆိုတဲ့
သိချင်စိတ်အချို့နဲ့ အမူပိုကာ မေးလိုက်မိတော့
သွားဖြူ ညီညီလေးတွေပေါ်တဲ့အထိရယ်သည်။

Jong baby&kyung kokoWhere stories live. Discover now