2

4.5K 458 43
                                    

" kyung kokoရေ သားသားဗိုက်ဆာနေပြီ "

" အဲ jong babyလေးက ဆာနေပြီလား
Aigoo ဒါဆို အောက်ဆင်းကြတာပေါ့ လာ "

ဗိုက်ပြားချပ်ချပ်လေးကို ပွတ်သပ်ရင်း
ပူဆာလာတဲ့kim jong inကို
သဘောတကျငေးကြည့်နေသည့်
Kyung sooလဲ သူ့လက်သေးသေးလေးဖြင့်
Jong inကိုယ်လေးကို ခါးကနေတွန်းကိုင်ရင်း
အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲ စကားကောင်းနေပုံရတဲ့
မိဘတွေကတော့ ကလေးနှစ်ယောက်ကို
ဂရုပင်မစိုက်ပါချေ။

အဲ့လိုဘဲ ကလေးနှစ်ယောက်ကလဲ
မိဘတွေကို ရှိတယ်လို့ကို မထင်တာပါ။

မီးဖိုချောင်ထဲ လှုပ်စိစိပြေးဝင်သွားတဲ့
အရိပ်နှစ်ရိပ်ကြောင့် arjimaသည်လဲ
နောက်ကနေ အသာလိုက်သွားရပါ၏။
တော်ကြာနေ မီးဖိုချောင်ထဲ ပွစာကြဲကုန်ရင်
ဒုက္ခဘဲလေ။

ကလေးနှစ်ယောက်မီးဖိုချောင်ထဲ
ရောက်သွားပြီဆိုတာ သေချာမှ jong in
အမေလဲ maidတစ်ယောက်ကို
ခေါ်ကာ ကလေးတွေအခန်းကို
ရှင်းခိုင်းရပါတော့သည်။

အဲ့လိုမှမဟုတ်ရင် အရုပ်တွေနဲ့ ပွရှုပ်နေမဲ့
Jong inအခန်းဟာ အိပ်လို့တောင်
ရမည်မဟုတ်တော့ပါ။

သို့ဆိုပါက jong inလေးဟာ
မိဘတွေအခန်းထဲ လာအီတော့မည်ဖြစ်သည်။

ဒါမျိုးလက်မခံနိုင်ပါ။
လွတ်လွတ်လပ်လပ်နေလို့မရအောင်
နှောင့်ယှက်တော့မည့် kim jong inလေးကို
သူမတို့လင်မယားကြားခေါ်သိပ်၍မဖြစ်ပါချေ ။

" jonginneအခန်းကို သပ်သပ်ရပ်ရပ်
ဖြစ်သွားအောင် ရှင်းထားပေးလိုက် "

" ဟုတ်ကဲ့ သခင်မကြီး "

ပြောရင်းမှ အပေါ်သို့ ပြေးတက်သွားတဲ့
Maidလေးခမျာ ချွေးစေးတွေပါပျံနေရှာသည်။
ကလေးနှစ်ယောက်ရဲ့အခန်းဟာ
တော်ရုံပွနေတာဆိုရင် သူမ,မမှုပါ။

သို့သော် နှစ်ယောက်ထဲနဲ့ ဗြောင်းဆန်အောင်
ဖွတတ်သည့် ကလေးတွေအကျင့်ကို
သူမသိထားသည်ကြောင့် အလိုလိုနေရင်းကို
ချွေးပျံရတာဖြစ်သည်။

သူမအတွေးပင်မဆုံးလိုက်ရ အခန်းတံခါးကို
ဖွင့်လိုက်သည်နှင့် ကြမ်းပြင်ထက်
ပွစာကြဲနေတဲ့ စက်ရုပ်တွေ ကားတွေ
အရုပ်တွေနဲ့ ကုတင်ခေါင်ရင်းမှာ
ကြိုးတန်းလန်းလေးချိတ်ဆွဲထားတဲ့
ပင့်ကူအရုပ်ကြီးတွေ မြွေအရုပ်ကြီးတွေရယ်က
သူမအားလျှာထုတ်ပြောင်ပြနေလေသည်။

" babyအစားကိုသေချာစားလေ "

" သားက စားနေတာဘဲလေ
ဒီဗိုက်ကမှလက်မခံဘဲ "

" Hol,ဒီလိုသာဆို babyက ကိုကို့ထက်
ပိန်ညှက်ပြီးကျန်ခဲ့တော့မှာဘဲ "

ထမင်းဆာတယ်ဆိုပြီး တို့စိစိသာ စားနေသည့်
Jong babyကြောင့် ဘာရယ်မဟုတ်
Kyung sooခြိမ်းခြောက်လိုက်တော့
မျက်လုံးအဝိုင်းသားလေးနဲ့ ပြန်ကြည့်လာ၏။

" ဟင် ဟုတ်လား ဒါဆို jong babyက
ပိစိလေးဖြစ်ကျန်နေခဲ့ပြီး kyung kokoက
အကြီးကြီးဖြစ်သွားမှာပေါ့နော် "

" ဟုတ်တာပေါ့babyရဲ့ ကိုကိုက
အစားများများစားတော့ လူကောင်ထွားလာမှာ
Babyက ဒီလိုနဲနဲဘဲစားတော့
သေးပြီးကျန်ခဲ့မှာ "

" ဟင့်အင်း ဟင့်အင်း မဖြစ်ရပါဘူး
Jong babyလဲစားမှာ အများကြီးစားပြီး
Kyung kokoထက် ကြီးအောင်လုပ်မှာ ဟီး "

သူ့ဘာသာပြောရင်း သဘောတကျရယ်နေတဲ့
Babyကို အသဲယား၍ ပါးလေးကို
ခပ်ဖွဖွနမ်းလိုက်တော့ သဘောကျ၍ထင့်
တခစ်ခစ်ရယ်ရှာသည်။

ထို့နောက်...

" kyung koko တကယ်လို့လေ jong baby
ထမင်းတွေအများကြီးစားလို့ ကြီးလာရင်
Ommaတို့လို အတူတူနေကြမယ်နော် "

" အင်းပေါ့babyရဲ့ babyသာ
ထမင်းများများစား ဟုတ်ပြီလား "

" အင်း တကယ်အတူနေမှာနော် ကတိ "

" ဟုတ်ပြီ ကတိ "

Babyရဲ့ကလေးဆန်ဆန်အပြောကို
ထိုအချိန်ကတော့ ဘာရယ်မဟုတ်
လွယ်လွယ်ကူကူဖြင့် ကတိတောင်ပေးမိခဲ့ပါ၏။

နောင်တစ်ချိန်အသက်ကြီးလာတဲ့အခါ
အဲ့ဒီ့ကတိဟာ ဟောဒီ့do kyung sooလေးကို
ရစ်ပတ်လာမည်မှန်းသိခဲ့ရင်ဖြင့်
ခုလိုပြောခဲ့မိမည်မဟုတ်တာတော့
သေချာပါသည်လေ။

ထိုစဉ်က ကလေးနှစ်ယောက်
ထမင်းစားနေသည်ကို
စောင့်ကြပ်ပေးနေတဲ့Arjimaသည်လဲ
Kyung sooတို့အပြောကို သဘောရိုးနဲ့
အူယားခဲ့ဖူးပါ၏။

သူမလဲ ဘယ်သိပါ့မလဲ~~
နောင်တစ်ချိန်သူမတို့အိမ်ရဲ့သခင်လေးဟာ
အဲ့ဒီkyung sooလေးနဲ့ တကယ်
လက်ထပ်ချင်လာပါလိမ့်မယ်ဆိုတာကိုပေါ့...

TBC~~~~~
N: ကိုယ် updateမှန်တယ်လေနော်...
ခများလေးတို့ကလဲ feedbackလေးတော့
ပြန်ပေးသွားကြ😒😙

Jong baby&kyung kokoTahanan ng mga kuwento. Tumuklas ngayon