Forget Me Not - 5

208 26 0
                                    

" လွှတ်ပေးကြ !! ကျွန်မကို လွှတ်ပေးကြ !! ဒီမှာ နေရောင်မရှိဘူး … ဟင် ! ရေလည်းမရှိဘူး !!! "

ကျွန်မရဲ့ အပြာရောင်ပွင့်ဖတ်တွေကို သံကြိုးအကြီးကြီးတွေနဲ့ ချုပ်နှောင်ထားကြတယ် ။ သံချောင်းတွေကာထားတဲ့ အခန်းတစ်ခုထဲ ကျွန်မကို ပိတ်လှောင်ထားကြတယ် ။ အခန်းအပြင်မှာ … ကျွန်မကိုပိတ်လှောင်ထားဖို့ ခေါ်လာတဲ့ မိန်းမကြီးကလည်း သူ့ရင်ဘတ်သူထုပြီး အော်ဟစ်ငိုယိုနေတယ် ။ သူက ဘာလို့ငိုတာလဲ !!! သူပျော်ရမှာမို့လား ? သူ့လုပ်ရပ်ကြောင့် ကျွန်မကြွေရပါတော့မယ် …

" လွှတ်ပေး … ငါ့ကိုလွှတ်ပေး "

ကျွန်မအားအင်ရှိသလောက် ရုန်းတိုင်း ကျွန်မရဲ့ ပွင့်ဖတ်တွေဆီက အနီရောင်အရည်တွေ ထွက်ထွက်ကြလာတယ် ။ ကျွန်မအားကုန်တော့မယ် … ကျွန်မကို နေရောင်တွေပေးပါ ။ ပြီးတော့ … ရေ !!

ခြောက်သွေ့နေတဲ့ ခပ်မှောင်မှောင်အခန်းထဲမှာ ကျွန်မအော်ဟစ်နေမိတုန်းပဲ ။ ကျွန်မနွမ်းလာပြီထင်တယ် … လှုပ်ဖို့တောင် မနည်းအားယူနေရတယ် ။ ဒါပေမယ့် ကျွန်မ အဆုံးထိကြိုးစားရဦးမှာပဲမို့လား ?

ဘာလို့ဆို ကျွန်မက သဘာဝရဲ့ဆုလာဘ်ဖြစ်တဲ့ Forget Me Not ပန်းလေးမို့လေ … … ။    ။

Forget Me NotWhere stories live. Discover now