Forget Me Not - Note

324 33 2
                                    

မင်္ဂလာပါရှင့် ~

အဆုံးထိလေးဖတ်ပေးခဲ့သူအပေါင်းကို အထူးကျေးဇူးတင်သောအားဖြင့် ဒီ Note လေးကို ရေးတင်လိုက်ရတာပါ ။ တွယ်တာမွန်လေးကို နားမလည်နိုင်ကြဘူးမို့လား ? xD
ကြားဖူးနားဝမရှိထားသူမျိုးဆိုရင်တော့ သေချာပေါက် ဒီဇာတ်လမ်းလေးကို နားလည်နိုင်ဖို့ ခဲယဉ်းမှာပါ ။

ပြန်ပြီး ရှင်းတမ်းထုတ်ရမယ်ဆိုရင် ဒီ story လေးထဲက တွယ်တာမွန်ဟာ စိတ်ရောဂါတစ်ခုကို ခံစားနေရတာပါ ။ ပြီးတော့ စာရေးသူဟာလည်း စိတ်ဝေဒနာရှင်လေးရဲ့ Point of view ကနေ ရေးခဲ့တာပါ ( အဲ့တာကြောင့် ဖတ်ရတာ ပိုရှုပ်သွားတယ်မို့လား ? x'D )
အရှေ့မှာ ပြောထားခဲ့သလို သူမကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိအားတွေကြောင့် သူမဟာ တဖြည်းဖြည်း စိတ်ရောဂါကို ခံစားရတဲ့အထိ ဖြစ်သွားခဲ့တာပါ ။

ဒီမှာ တွယ်တာမွန်ဖြစ်သွားတဲ့ အဓိကစိတ်ရောဂါလက္ခဏာကတော့ Depersonalization လို့ခေါ်တဲ့ ရောဂါလက္ခဏာပါ ။ သူ့ကိုယ်သူ တခြားတယောက် ( or ) တခြားတစ်စုံတစ်ခုအဖြစ် အထင်မှားခြင်းပေါ့ … ။ ဒီ story လေးမှာ တွယ်တာမွန်က သူ့ကိုယ်သူ Forget Me Not ပန်းလေးအဖြစ် အထင်မှားသွားခဲ့တာပါ ။

စိတ်ရောဂါတော်တော်များများဟာ စိတ်ဖိစီးမှုရယ် အိပ်ရေးပျက်ခြင်းရယ်တို့နဲ့ အများဆုံးဆက်စပ်နေပါတယ် ။ accident တစ်ခုခုကြောင့် ဦးနှောက်မှာထိခိုက်သွားရင်လည်း ဖြစ်နိုင်တာပေါ့ ။ ဒါပေမယ့် ပြင်ပဒဏ်ရာမရှိပဲ ရရှိလာတဲ့စိတ်ရောဂါအများစုမှာတော့ အိပ်ရေးပျက်ခြင်းက စတင်ပါတယ် ။

ဒီ story မှာလည်း အဲ့လိုပါပဲ ။ တွယ်တာမွန်ဟာ အိပ်မရဘူးဖြစ်လာတယ် ။ အထီးကျန်နေတဲ့သူ့အချိန်တွေထဲ … ရှိတာက တိတ်ဆိတ်မှု ။ သိတဲ့အတိုင်း အဲ့ဒီ့မှာ မူမမှန်တာတွေ စဖြစ်တော့တာပဲ ။ စာဖတ်သူတို့ သတိထားမိမှာပါ … တွယ်တာမွန်ဟာ တဖြည်းဖြည်းခြင်းပဲ ပြောင်းလဲလာတာပါ ။ အစက ပန်းလေးကို အားကျမိရင်းက သူ့ကိုယ်သူပန်းလေးအဖြစ် အထင်မှားလာတာ ။ Part - 4 မှာ ဖော်ပြထားတဲ့ သူ့ရဲ့လက်တွဲဖော်ဆိုတာက အစိမ်းရောင်ကို ရည်ညွှန်းတာပါ ။ ပြောချင်တာကတော့ သစ်ရွက်လေးတွေပေါ့ ။ သူ့ကိုယ်သူ ပန်းတစ်ပွင့်လို့လက်ခံပြီးတဲ့နောက်မှာ သစ်ရွက်တွေက သူ့လက်တွဲဖော်ဖြစ်လာခဲ့တာပါ ။

ပြီးတော့ Part-5 မှာဖော်ပြခဲ့တဲ့ ငိုနေတဲ့မိန်းမကြီးဆိုတာ သူ့ရဲ့အမေပါ ။ နောက်ဆုံးမှာ ရုပ်လုံးပေါ်လာတဲ့ရောဂါလက္ခဏာနဲ့ ပြင်းထန်မှုအရ သူမဟာ သူမအမေကိုတောင် မသိတော့ပါဘူး ။ စိတ်ရောဂါကုဆေးရုံမှာထားပြီး ကုသရမယ့် အဆင့်ထိရောက်လာတော့တာပါ ။

Depersonaliztion ဟာ ကိုယ့်ကိုယ်ကို တခြားတစ်စုံတစ်ယောက်အဖြစ် အထင်မှားကြတာအနေနဲ့ တွေ့ရများပါတယ် ။ ဒီလို တခြားတစ်စုံတစ်ခု ( လူမဟုတ် ) နဲ့အထင်မှားကြတာက ရှားပါတယ် ။ ဥပမာ - ဦးကျော်အမည်ရှိတဲ့လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ အထင်မှားခြင်းမျိုးပေါ့ ။ သူ့ရဲ့ပင်ကိုယ်မူလဇာတ်ရုပ်ကို လုံးဝသတိမရတော့ပဲ သူဟာ သူသိသလောက်မှတ်သလောက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပြုမူပြောဆိုမယ် … နေထိုင်စားသောက်မယ် ။ အဲ့လိုမျိုးပေါ့ … ။ ဒီမှာ ကွဲကွဲလွဲလွဲမှတ်ထားရမှာက Depersonalization က သူ့ရဲ့မူရင်းဇာတ်ရုပ်က လုံးဝမရှိတော့တာမျိုးပါ ။ အကယ်၍ သူက သူဟာဦးကျော်ဖြစ်ပြီး လွတ်လပ်ရေးရအောင်တိုက်ခိုက်နိုင်သွားမှ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သွားတာလို့ပြောရင် ဒါဟာ Depersonalization မဟုတ်ပါဘူး ။ တခြား အမည်နာမနဲ့လက္ခဏာတစ်ခုဖြစ်သွားပါပြီ xD

ဒီ Story လေး ရေးဖြစ်တာက စာရေးသူသိသလောက်ကို sharing လုပ်ကြည့်တဲ့သဘောပါ ။ မပြည့်မစုံဖြစ်သွားပါက နားလည်စေလိုပါတယ် ။ နားမလည်ပါကလည်း မေးနိုင်ပါတယ် ။ သိသလောက်ကို ဖြေပေးသွားပါ့မယ် ။ စိတ်ရောဂါလက္ခဏာတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။ အကယ်၍ စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆို နောက်ထပ် story အဖြစ် ပြောင်းလဲချပြလို့ရတဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးပါ့မယ် xD

အဆုံးထိဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ရှင့် 🌸

You've reached the end of published parts.

⏰ Last updated: May 04, 2018 ⏰

Add this story to your Library to get notified about new parts!

Forget Me NotWhere stories live. Discover now