" မမကတော့လေ လိုက်မပို့လည်းရပါတယ်ဆိုမှ "
တစ်ယောက်တည်းသွားနေကျကျောင်းကို ဒီနေ့မှ လိုက်ပို့ချင်ပါသည်ဆိုသောကြောင့် ခေါ်လာရသည့်အဖြစ်၊
" ကိုယ့်ညီမလေး လဲ့ကိုစိတ်ပူလို့ လိုက်ပို့တာကို၊ ရုပ်ကြီးက စူပုတ်နေတာပဲ "
" အမယ် မမအကြောင်းမသိတာမှတ်လို့၊ ဒါကကျောင်းနော် မမတက်နေတဲ့ တက္ကသိုလ်လိုမဟုတ်ဘူး၊ Yaoi အတွဲမပြောနဲ့ Normal အတွဲတောင် ရှာမရဘူး "
သူတက်နေသောတက္ကသိုလ်ရှိ Yaoi အတွဲများကို ရိုးနေပြီထင်သည်၊ လဲ့ တက်နေသောကျောင်းထိပါ လှည့်လာလေသည်၊
လဲ့ အစ်မ နှင်းလဲ့ချမ်းမော်ဆိုသည်မှာလည်း Fujoushi အကြီးစားတစ်ယောက်ပင်၊ အစ်မထံမှ အမွေကို ညီမ လဲ့က ဆက်ခံသည်တို့ဘာတို့ပေါ့...
" ဟာ၊ လဲ့ ကိုလိုက်ပို့တာလား မမ "
" အေး ဟုတ်တယ် ဒီပရေ "
ဒီပနှင့် မမ တွေ့ပြီဆိုလို့ကတော့ ရှိသမျှ BL Series တွေအကြောင်း စားမြုံ့ပြန်ကာပြောတတ်လွန်းသောကြောင့် လဲ့ပင် ပါးစပ်အဟောင်းသားနှင့် နားထောင်ရတတ်သည်အထိ၊
ယခုလည်း ဖုန်းထုတ်ကာ zapya နှင့် share မည်လုပ်နေသောကြောင့် မနည်းတားထားရသည်၊ ကျောင်းချိန်ကနီးနေပြီဖြစ်၍ ဒီအတိုင်းတော့ လွှတ်ထား၍မရ၊
" ဒီပ၊ မမ နင့်အတွက် seme တစ်ယောက်တွေ့ထားတယ်သိလား၊ အဲ့seme ကြီးကလည်း ချောပြီးခန့်ညားလိုက်တာမှ... "
" မမ! "
စကားအကောင်းပြောနေရာမှ ဒီပအော်သံကြောင့် လန့်ဖြန့်ကာ လက်ထဲမှ မုန့်ဘူးပင် လွတ်ကျတော့မတတ်၊
" ကျွန်တော်က seme လေ၊ uke ပဲရှာပေးရမှာကို "
" အာ ဒီပရယ်၊ နင့်လိုအသားအရည် နင့်လိုပုံစံ နင့်လိုstyleက uke စစ်စစ်ပါဟယ် "
" ကျွန်တော့်အရပ်ကအရှည်ကြီးဗျ "
" အမလေး အရပ်ရှည်တဲ့ ukeတွေမှ ပေါလို့ "
" နှစ်ယောက်လုံးတော်ပါတော့ ကျောင်းနောက်ကျတော့မယ် ဒီပ လာ ၊ မမလည်းပြန်တော့ "
နှစ်ယောက်သားစကားနိုင်လုနေသည်နှင့် ဒီနေ့ ကျောင်းရောက်တော့မည်မဟုတ်တော့၊ ကိုယ့်ဘက်ကပင် စကားစအမြန်ဖြတ်ခိုင်းကာ ဒီပကို လက်ဆွဲပြီး ခေါ်လာရသည်၊
YOU ARE READING
သီအိုရမ် ၁၅၀၀
Teen Fictionဘယ်သူမှဖော်ထုတ်အဖြေရှာလို့မရနိုင်တဲ့ သီအိုရမ်တစ်ခုကို ကိုယ်တီထွင်ထားတယ်... မင်းဆိုရင်တော့ ဖြေရှင်းလို့ရနိုင်မယ်ထင်ပါရဲ့... သီအိုရမ် ၁၅၀၀ တဲ့ ❤ ဘယ်လိုလဲ? ကိုယ်နဲ့အတူတူ ဒီသီအိုရမ်ကို ဖြေရှင်းပေးနိုင်မယ်မလား... My 2nd BL OC Novel 😍💜 Start Date ~ 5.5...