Episode - 13

1.9K 213 24
                                    

" ဘာ! အဲ့ဒါဆို မင်း အစ်ကိုမင်းခန့်သွေးရဲ့ အတွင်းရေးမှူးပေါ့ "

" ဖြည်းဖြည်းပြောပါကွာ မင်းကလည်း ၊ ဟုတ်တယ် ငါကသူ့အတွင်းရေးမှူး "

ယနေ့တွင်တော့ ရုံးပိတ်ရက် Sunday ဖြစ်နေ၍ ဝန်းခဆိုင်ဘက်သို့ ဒီပရောက်သွားခဲ့သည်။ ဝန်းခနှင့်စကားပြောချင်၍သာသွားရသော်လည်း ယမန်နေ့ကဲ့သို့ မာန်ဝင့်နှင့်ဆုံမည်ကိုတော့ စိုးရိမ်မိသည်၊ နှစ်မည်မျှကြာကြာ မာန်ဝင့်နှင့် မျက်နှာချင်းဆိုင်မိသောအခါတွင်တော့ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလို ခံစားရမိသည်။

ဆိုင်သို့ရောက်သည့်အခါတွင်တော့ လူအနည်းငယ်ရှင်းနေ၍ နေရာတစ်နေရာတွင် ဝန်းခနှင့်အတူထိုင်ကာ စကားစမြည်ပြောဖြစ်ကြသည်၊

ဘာရယ်မဟုတ် ပြောနေကြရင်း မိမိသည် သူဌေးမင်းခန့်သွေး၏အတွင်းရေးမှူးဖြစ်ကြောင်း ပြောလိုက်သည့်အခါတွင်တော့ အံ့သြစွာဖြင့်ထအော်သော ဝန်းခကိုနားမလည်နိုင်ပေ၊

" ငါ အဲ့နေ့ကတစ်ခုခုတော့ထင်မိလိုက်တယ် ၊ ဒါပေမယ့် မင်းက သူ့အတွင်းရေးမှူးဆိုတာတော့ မယုံနိုင်လို့ပါကွာ "

" ဘာဖြစ်လို့လဲ ဝန်းခ၊ ငါမသိတဲ့အကြောင်းတွေများရှိလို့လား "

ဒီပစကားကြောင့် ဝန်းခသက်ပြင်းတစ်ချက်ချကာ ကြည့်လိုက်သည်။

" မင်းသူဌေးနဲ့ မာန်တို့က ကမ္ဘာ့ရန်တွေ "

ကမ္ဘာ့ရန်ဘက်??? ဝန်းခပြောသည်ကိုသေချာနားမလည်သောငြား ထိုနေ့က သူဌေးနှင့် မာန်ဝင့်တို့၏ ပြောဆိုဆက်ဆံပုံကိုကြည့်၍ တင်းမာနေပုံကိုတော့ခန့်မှန်းမိသည်။

" သေချာအသေးစိတ်သိရင်ပြောပြပါလား ဝန်းခ "

" ငါလည်း အသေးစိတ်တော့မသိဘူး၊ ဒါပေမယ့် ကုမ္ပဏီရှယ်ယာတွေနဲ့ပတ်သက်ပြီး အစ်ကိုမင်းခန့်သွေးရဲ့အဖေကအလိမ်ခံရဖူးတယ်၊ အဲ့ဒါကို မာန်ရဲ့အဖေကဘာမှပြန်ဖြေမရှင်းပေးဘဲ ခုလက်ရှိလုပ်ငန်းခွဲကို တာဝန်ပေးလိုက်တယ်လို့ကြားတယ်၊ အဲ့တည်းက မင်းသူဌေးကမကျေတော့တာပဲ၊ "

" အဲ့ဒါဆို မာန်ဝင့်အဖေကရော "

" အဖေက နိုင်ငံခြားကလုပ်ငန်းခွဲတွေအတွက် ထွက်သွားတာ နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိနေပြီ၊ အစက သူမသွားဘဲ မာန့်ကိုသွားခိုင်းနေတာ၊ မာန်ကအတင်းခေါင်းမာပြီးမသွားဘူးဆိုလို့ ဒီကုမ္ပဏီကိုမာန့်အတွက်အမွေလွှဲခဲ့ပြီး ငါ့ကိုတော့ ဒီဆိုင်ထောင်ပေးခဲ့တယ် "

သီအိုရမ် ၁၅၀၀ Where stories live. Discover now