Episode - 8

3.5K 340 25
                                    

" ဝှါးးးးးး၊ အ! "

သမ်းနေသည်ကိုပင် အဆုံးထိမသမ်းနိုင်ဘဲ ဘေးနားရှိ ဝန်းခ၏ တံတောင်ဖြင့်ထိုးမှုကြောင့် ရပ်တန့်သွားရသည်၊

ဘာလုပ်တာလဲ ဟူသောအဓိပ္ပါယ်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည့်အခါတွင်တော့ စာရှင်းပြနေသောဆရာမဘက်ကို လက်ညှိုးထိုးပြနေသည်၊

ဂရုမစိုက်သည့်အထာဖြင့် ပုခုံးပြန်တွန့်ပြရင်း ဖတ်စာအုပ်ကိုထောင်ထားကာ ငိုက်နေလိုက်သည်၊

" ဒီပ မင်း မတ်တပ်ရပ်ချင်နေပြန်ပြီလား၊ စာရှင်းနေတာ နားထောင်လေ "

လေသံတိုးတိုးဖြင့် အနားကပ်ပြောနေသောဝန်းခကြောင့် မျက်လုံးပြန်ဖွင့်လိုက်ရသည်၊

ထို့နောက် စာရှင်းပြနေသောဆရာမကို တစ်ချက်ကြည့်ရင်း သမ်းမိပြန်သည်၊

စာရှင်းပြနေသည်လား အိပ်ငွေ့လာချနေသည်လားပင် မသဲကွဲ၊ အတန်းထဲရှိသူများအားလုံးကလည်း စာကိုအလွန်စိတ်ဝင်စားကြသည်၊ အခြားစာများရေးနေသူကရေး ၊ မှောက်သူကမှောက်နှင့်ဖြစ်နေကြသည်၊ ဆရာမက စာအုပ်ကိုသာကြည့်ပြီး ရှင်းနေသည့်အတွက် အခွင့်အရေးကလည်းပိုရသည်၊

စာသေချာလိုက်နားထောင်သည့်သူဟူ၍ ဝန်းခတစ်ယောက်သာရှိမည်၊

" အပြင်ထွက်ခွင့်ပြုပါ ဆရာမ "

ဒီပအသံကျယ်သည်မကျယ်သည်တော့မသိ၊ အရှေ့ခုံရှိ ငိုက်နေသောကျောင်းသူတစ်ယောက်မှာ လန့်၍ လက်ထဲရှိဘောပင်ပါ ပြုတ်ကျသွားရသည်၊

ဆရာမကတော့ သူ့အချိန်အပြင်ထွက်သည်ကို မကြိုက်သည့်အတွက် မျက်မှောင်ကြုံ့ကြည့်ကာ ခေါင်းမညိတ်ချင်ညိတ်ချင်နှင့် ညိတ်ပြနေလေသည်၊

ခွင့်ပြုချက်ရသည်နှင့် ဆရာမအား သွားပြန်ဖြီးပြရင်း အခန်းအပြင်သို့ အမြန်ထွက်ရသည်။

အိပ်ချင်ပြေစေရန်သာ အပြင်သို့ထွက်လာရသည်၊ သွားစရာက အိမ်သာတစ်ခုသာရှိလေသည်၊

အပြင်ရောက်နေသည်နှင့် မထူးတော့ဘဲ အိမ်သာသို့ဝင်ရန်သာဆက်သွားလိုက်သည်၊

ယောက်ျားလေးအိမ်သာသို့အရောက် ဘေးရှိအခန်းတွင် တံခါးဖွင့်လျက်သားနှင့် တဝေါ့ဝေါ့အသံတို့ကိုကြားလိုက်ရ၍ ခြေလှမ်းတို့ တွန့်သွားရသည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now