Episode - 4

3.4K 363 56
                                    

' ဒေါက် ဒေါက် '

အပြင်ဘက်မှ တံခါးခေါက်သံကြောင့် အိပ်ယာမှထကာ တံခါးသွားဖွင့်လိုက်သည်၊

" သား နိုးနေပြီပဲ၊ ကျောင်းနောက်ကျမှာစိုးလို့ လာနှိုးတာ၊ ခဏနေရင် အောက်ဆင်းလာတော့နော်၊ "

" ဟုတ် "

စကားပြောပြီးသည်နှင့် အောက်ထပ်သို့ဆင်းသွားသော ဦးပိုင်ရှိန်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချမိလိုက်ပြန်သည်၊

ထို့နောက် တံခါးပြန်ပိတ်ကာ အိပ်ယာပေါ်တွင် ပြန်ထိုင်နေလိုက်သည်၊

ရေမိုးချိုးထားကာ အကုန်ပြင်ဆင်ထားပြီးဖြစ်သည်မှာ မနက်ခုနစ်နာရီတည်းကပင်၊

အတွေးများစွာဖြန့်ကျက်နေရင်း တံခါးခေါက်သံကြားမှ သတိဝင်လာသည်အထိပင်၊

ယနေ့မှကျောင်းစတက်ရမည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေမိသည်၊ မွေးကတည်းက နိုင်ငံခြားတိုင်းပြည်တွင်သာ နေထိုင်ရှင်သန်လာရသည့်အတွက် ယခုတွင်တော့ အနည်းငယ်တုန်လှုပ်မိသည်၊

မိခင်က အမေရိကန်လူမျိုးဖြစ်သော်ငြား မြန်မာလူမျိုးဖြစ်သူ ဖခင်ကြောင့် မြန်မာစကားကိုတော့ အခက်အခဲမရှိ ပြောတတ်သောကြောင့်သာ အဆင်ပြေပေသည်၊

နာရီကိုကြည့်မိတော့ ရှစ်နာရီခွဲနေသည်နှင့် ကျောပိုးအိတ်ကိုယူကာ အောက်ထပ်သို့ဆင်းရန်ပြင်လိုက်သည်၊

သို့သော်လည်း နေသားကျနိုင်မည်မဟုတ်သေးသော မျက်ဝန်းပြာတို့ကိုကာကွယ်ရန် ပါဝါမပါသည့် မျက်မှန်တစ်လက်ကို တပ်ထားလိုက်သည်၊

" Huuu... Everything will be alright! "

***************

" wow ချောလိုက်တာ ကျောင်းသားသစ်လေးက "

" နေထက်ဝန်းခ တဲ့လား "

" အသားကလည်းဖြူ ဖွေးပြီး နုဖတ်နေတာပဲ "

မနက်တစ်နာရီထိမအိပ်ဘဲ ဂိမ်းဆော့ထားသော ဒဏ်တို့ကြောင့် ကျောင်းခန်းထဲသို့ရောက်ရောက်ချင်း အိပ်နေမိသည်၊

ကျောင်းသားသစ်ရောက်လာသည်ဟု အသံကြားမိသော်လည်း ထမကြည့်နိုင်၊ မျက်လုံးပင်ဖွင့်မရသောကြောင့် စားပွဲပေါ်ခေါင်းမှောက်ရင်း ဆက်အိပ်နေလိုက်သည်၊

သီအိုရမ် ၁၅၀၀ Donde viven las historias. Descúbrelo ahora