Part 2

7.9K 406 0
                                    

{{ Zawgyi }}

နွေး​ထွေး​သောခံစားချက်​ကကျွန်​​တော့ခန္ဓာကိုယ်​​အောက်​ကပင်​...​အေးမြ​သော​လေ​အေး​ကြောင့်​ကျွန်​​တော်​​စောင်​ကိုမျက်​လုံးမဖွင့်​ဘဲစမ်းလိုက်​သည်​။ ​အောက်​နားက​စောင်​ကိုဆွဲတင်​ပြီးတစ်​ဖက်​လှည့်​လိုက်​သည်​။ ကျွန်​​တော့်​လက်​နဲ့တစ်​ခုခုကို တိုက်​မိ​သောအထိအ​တွေ့...​အေးစက်​​နေတဲ့အရာကိုကျွန်​​တော်​စမ်းကြည့်​လိုက်​ကာ မျက်​လုံးဖွင့်​လိုက်​သည်​။

"Oh!"

ကျွန်​​တော်​လန့်​သွားရသည်​မှာ အရုပ်​...ကျွန်​​တော်​နဲ့ကုတင်​အတူတူအိပ်​​နေကာကျွန်​​တော့်​ဘက်​ကိုလှည့်​​နေ​သောအ​နေအထားနဲ့အိပ်​​နေသည်​...။ ဒါမယ့်​ခုလိုနီးနီးကပ်​ကြည့်​​တော့လည်း​အရုပ်​နဲ့မတူဘဲတကယ့်​လူ့အစစ်​အတိုင်းပင်​...ဒါမယ့်​အသားကအရုပ်​လိုဖြစ်​​နေ​သော​ကြောင့်​အထိအ​တွေ့​အေး​နေသည်​။ ကျွန်​​တော်​​စောင်​ကိုအသာ​လေးဖယ်​လိုက်​ကာကုတင်​​ပေါ်ကဆင်းလိုက်​သည်​။ ဒါဘယ်​​နေရာလဲ...ပြတိုက်​မဟုတ်​တာ​တော့​သေချာတယ်​...Shiyonaka အိပ်​​နေတုန်းကျွန်​​တော်​လစ်​မှ...မဟုတ်​ရင်​ဘယ်​အချိန်​ကျွန်​​တော့်​အသက်​ပါမလဲမသိဘူး...ကျွန်​​တော်​တံခါးနားကို​ရောက်​ခံနီး...

*clank ဘုတ်​*

ကျွန်​​တော့်​ခြေ​ထောက်​ကိုတစ်​ခုခုကထိန်းချုပ်​လိုက်​​သော​ကြောင့်​အရှိန်​မထိန်းနိုင်​ဘဲပြုတ်​ကျခြင်းပင်​...သံကြိုး...ကျွန်​​တော်​ရဲ့​ခြေချင်းဝတ်​ကိုသံကြိုးခတ်​ထားတယ်​...

"Um~..."

အိပ်​ရာမှထလာ​ပြီးညည်းလိုက်​​သောအသံ...ထိုအသံ​ကြောင့်​ရင်​ဘတ်​ကြီးမိုးကြိုးပစ်​ချလိုက်​သလို...သွားပြီ 😨

ကြမ်းပြင်​​ပေါ်တွင်​ထိုင်​​နေ​သောကျွန်​​တော့်​ကိုသူ​တွေ့​တော့ပြုံးလိုက်​သည်​။ ထိုအပြုံးကဘယ်​လို​ပြေး​ပြေး မလွှတ်​ဘူးဆိုတဲ့အပြုံး...

"Ohayou~ Kan..."

အဲ့လိုအသံကိုကျွန်​​တော်​တအားမုန်းသည်​။

"ဒီကိုလာ"

သူက သူ့​ဘေးကလွတ်​​နေ​သော​နေရာ ကိုပုတ်​ပြကာ​ပြော​လေသည်​။ ကျွန်​​တော်​သတ္တိရှိတာနဲ့ ...မငြင်းပါဘူး...ငြင်းလိုက်​ရင်ကိုယ့်​ဘဝ​တောင်​ကိုယ်​မ​တွေးရဲဘူး...အဲ့​နေရာမှာသွားထိုင်​လိုက်​သည်​။

✴ The Living Doll ✴Where stories live. Discover now