{{ Zawgyi }}ကျွန်တော်နိုးလာတော့ မနက်မိုးလင်းနေသည်။ လှဲနေရာမှသတိရကာ ချက်ချင်းထလိုက်သည်။ အခန်းပတ်ပတ်လည်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
"ဖူး တော်သေးတယ်...နေပါဦး ဒါအိမ်မက်လား"
*clank *
သံကြိုးသံကြောင့် Kan ငုံ့ကြည့်လိုက်သည်။ ငါ့ခြေထောက်မှာ Shi ငါ့ကိုသံကြိုးမခတ်တော့ဘူးမဟုတ်လား...ဘာလို့...ဘေးကိုကြည့်လိုက်တော့ Shi ကိုမတွေ့ ...သူ မှားခတ်တာလား.😕 သံကြိုးရဲ့အရှည်ကတံခါးဆီပင်မရောက်...ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ Shi ကိုမတွေ့ပင်...
"Shiyo!..."
ဘာအသံမျှမကြား... ဘယ်ရောက်သွားတာလဲ...
"Shiyonaka.!!.."
Kan ညကအဖြစ်အပျက်ကြောင့်လန့်လာကာ Shi ကိုအော်ခေါ်တော့သည်။ မဟုတ်မှလွဲလို့ Shi ကိုခေါ်သွားကြတာလား...ဒါဆိုသံကြိုးကရော Shiyo မဟုတ်ရင်...ဘယ်သူလာခတ်မှာလဲ ...
Kan ကုတင်ပေါ်တွင်တွေဝေနေစဉ်...တံခါးပွင့်ကာ shi ဝင်လာသည်။ မှေးမှိန်နေသော Kan ရဲ့မျက်နှာမှာဝင်းလတ်ကာ ကုတင်မှာထလာသည်။"Shiyo! ...ခင်ဗျားကိုဖမ်းသွားကြပြီ ထင်လို့စိုးရိမ်လိုက်ရတာ မနက်စောစောစီးစီး ဘယ်သွားနေတာလဲ..."
Kan မျက်နှာမှာတကယ်စိုးရိမ်စိတ်အပြည့်ရှိနေတာသေချာသည်။ မျက်ဝန်းမှာလည်း မျက်ရည်အိုင်နေပြီ...Shi ပြုံးလိုက်ကာ Kanခေါင်းလေးကိုဖြေညုင်းစွာပွတ်သပ်ပေးပြီး
"ကိုယ့်ရဲ့ Kanလေး အိမ်မက်ဆိုးတွေမက်နေတာလား"
Kan အံ့သြကာ Shi ကိုမော့ကြည့်လိုက်သည်။ Shi က Kan ကိုဆွဲပြီးနှုတ်ခမ်းသို့အကြင်နာအနမ်းလေး ပေးလိုက်သည်။ Kan မျက်နှာလေးနီရဲလျက် အခြားဘက်လှည့်လိုက်ကာ
"Kan လေးရှက်သွားတာချစ်စရာလေး"
"ဟမ်...ကျွန်တော့်ကိုချစ်ဖို့ကောင်းတယ်မပြောနဲ့ စိတ်ဆိုးတယ်ဒါနဲ့ Shiyo ကျွန်တော့်အိမ်မက်ဆိုးအကြောင်းသိလား"
YOU ARE READING
✴ The Living Doll ✴
Teen FictionShi ကအရုပ်တစ်ရုပ်ဖြစ်နေပေမယ့်သူ့မျက်လုံးများကကျွန်တော့်ကိုညို့ယူနိုင်တယ်...