{{ Zawgyi }}
"Shiyo!!Shiyo!!...မင်းထွက်လာပါ ပုန်းမနေပါနဲ့"
အမှောင်ကြီးထဲ Kanယောင်ယမ်းပြီးခေါ်နေခြင်းဖြစ်သည်။ Kan ရဲ့ဘေးပတ်ဝန်းကျင်အကုန်လုံး မမြင်ရအောင်မှောင်မဲနေသည်။
"Kan kun! ငါမင်းအနားမှရှိနေပါတယ်...မစိုးရိမ်ပါနဲ့"
အသံကြားသော်လည်းလူကိုမတွေ့ရ...သူ့မျက်ရည်တွေပါးပြင်ပေါ်သို့စီးကျလာသည်။
"Shiyo!"
Kan နှုတ်ခမ်းဖြားမှခေါ်လိုက်ခြင်းနဲ့အတူ နိုးထလာသည်။ Kan ဘာမှမပြောနိုင်လောက်အောင်ဖြစ်သွားရခြင်းမှာ အခန်းပတ်ပတ်လည်တစ်ခုလုံး...ဂူကြီးနဲ့တူနေသည်။ သို့သော်လူနေတဲ့အခန်းနဲ့ သိပ်မတူ...ပြတင်းပေါက်လည်းမရှိ အိမ်သာလည်းမရှိပေ...။ လေထုကအေးစက်စက်ဖြစ်နေသလို ကျောက်နံရံတွေကလည်း စိုထိုင်းထိုင်းဖြစ်နေသည်။
Kan ကုတင်ပေါ်မှထ ထိုင်ရန်ကြိုးစားလိုက်တာနဲ့ ဗိုက်ကနာ... ခြေထောက်ကနာ...လည်ပင်းကနာ ဖြစ်နေသည်။ နာနေတဲ့နေရာတွေအားလုံးက ပတ်တီးစည်ထားသည်။ ငါကယ်ခံရတာလား...Shiyo လား...အတွေးနဲ့တင် ဝမ်းသာနေသည်...တော်တော်လည်းတွေ့ချင်နေပြီ
လူလမ်းလျှောက်လာသော ခြေသံကြားတော့ Kanကုတင်ပေါ်မှလဲလျောင်းနေရင်း မျက်လုံးလေးစောင်းကြည့်လိုက်သည်။"မင်း နိုးလာပြီလား"
ဘယ်သူလဲဟ...ခန့်ခန့်ညားညားနဲ့ချောနေသည်ကအမှန်...ထင်တဲ့အတိုင်းမဟုတ်တော့ နှလုံးကအောင့်သွားရသည်။ ဒါဆို Shiyo ငါ့ဆီမလာဘူးပေါ့...
"ငါက Konji...ဒီဂူမှာနေတာလေ...မင်းပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာတွေ့လို့ သယ်လာတာ"
ထိုလူကပြောနေလိုက်တာ သူတောင်ဘာမှမမေးရသေး...
"မင်းကိုမေးစရာတွေများကြီးရှိတယိ ဒါမယ့်နောက်မှမေးတော့မယ်"
ဒါဆိုဘာလို့လာပြောနေသေးလဲ အလုပ်ကိုရှုပ်တယ်...စိတ်ကတိုနေတာနော်...
YOU ARE READING
✴ The Living Doll ✴
Teen FictionShi ကအရုပ်တစ်ရုပ်ဖြစ်နေပေမယ့်သူ့မျက်လုံးများကကျွန်တော့်ကိုညို့ယူနိုင်တယ်...