Part 3

6.8K 345 4
                                    

{{ Zawgyi }}

သစ်​ရွတ်​​ခြောက်​​တွေ​မြေပြင်​​ပေါ်တွင်​ပျံကျဲ​နေကာ  သစ်​ပင်​မှ​ကြွေကြ​နေဆဲသစ်​ရွတ်​အ​ခြောက်​​တွေလည်းရှိသည်​။ ကောင်းကင်​ဟာကျန်းမာ​ရေး​ကောင်းသလိုသာသာယာယာရှိ​နေသည်​။ ​နေ​ရောင်​ခြည်​ကအရင်​​နေ့ကထပ်​မပူပြင်း​ပေ...ရာသီဥတု​အေး​နေတာ​တော့အမှန်​...

"Kan kun ပျင်း​နေပြီလား"

ပြတင်း​ပေါက်​မှအပြင်​ကို​ငေးကြည့်​​နေ​သောကျွန်​​တော်​ Shiyonaka အသံ​ကြောင့်​အ​တွေး​တွေ​ ရပ်​သွားသည်​။ Shi ကိုကြည့်​လိုက်​ကာကျွန်​​တော်​​ခေါင်းညိမ့်​ပြသည်​။

"ဒီမှာကြည့်​"

သူ့လက်​ထဲကပစ္စည်း​တွေထုတ်​ပြပြီး

"Kan kun ပန်းချီဆွဲတတ်​လား"

"အမ်​ နည်းနည်း"

"​ရော့ မင်းဆွဲဖို့...ဒါကကိုယ်​ဆွဲမှာ"

သူကျွန်​​တော့်​ကိုစုတ်​တံနဲ့စာရွတ်​​ပေးပြီး သူကလည်းစုတ်​တံနဲ့စာရွတ်​ယူကာ ကျွန်​​တော်​နဲ့ခပ်​လှမ်းလှမ်းရှိခုံတွင်​ဆွဲယူထိုင်​လိုက်​သည်​။ ကျွန်​​တော်​ပြတင်း​ပေါက်​ကိုကြည့်​ကာ

"Shiyonaka ကျွန်​​တော်​အပြင်​မှာဆွဲလို့ရမလား...ဟို​နေရာကို​လေ"

ကျွန်​​တော်​လက်​ညိုးထိုးပြတဲ့​နေရာကိုသူကလှမ်းကြည့်​ကာ

"အင်း...ဒါမယ့်​အဲ့​နေရာပဲ​နော်​ ဘယ်​မှဆက်​မသွားနဲ့"

Bingo...ဆက်​မသွားပါဘူး ​လျှောက်​သွားရုံ​လေးပါ...ကျွန်​​တော်​​ဆေးရည်​​တွေ​ရောင်​စုံရည်​​တွေပါယူကာ အိမ်​ပြင်​ထွက်​လာမိသည်​။ ​လေ​ပြေ​လေညှင်း​တွေကို တစ်​ဝကြီးရှုသွင်းလိုက်​ကာပြန်​မှုတ်​ထုတ်​ပြီး

"ခုမှ​လေဒဏ်​ကို ခံစားရ​တော့တယ်​"

ကျွန်​​တော်​ထိုအိမ်​ထဲမှပိတ်​ခံထားရတာ ၅, ၆ရက်နီးပါးရှိ​နေပြီ​လေ ​ရေလည်းမချိုးရ​သေးဘူး...ဟုတ်​သားပဲ ကျွန်​​တော်​​ရေမချိုးရ​သေးဘူးပဲ...ဒီနားမှာစမ်း​ချောင်း​လေးဖြစ်​ဖြစ်​ မြစ်​​ချောင်းဖြစ်​ဖြစ်​ရှိနိုင်​တယ်​...ကျွန်​​တော်​ပစ္စည်း​တွေကို ခုံပေါ်တွင်​တင်​ခဲ့ကာ စမ်း​ချောင်းကိုရှာရန်​ထွက်​လာသည်​။

✴ The Living Doll ✴Nơi câu chuyện tồn tại. Hãy khám phá bây giờ