{{ Zawgyi }}
မိုးသည်းသည်ထန်ထန်ရွာနေသောကြောင့် Shiyo တို့လမ်းမှာတွေ့သောတဲစုတ်လေးထဲတွင်ခိုအောင်းနေကြသည်။တစ်လမ်းလုံ Kan ကိုသူ့လက်ထဲမှမလွတ်...ခုလည်းမလွတ်...
"Shiyo? မညောင်းဘူးလား"
ခပ်မာမာ Shiyo မျက်နှာဟာ Kan ကိုငုံ့ကြည့်ချိန်ပြောင်းလဲသွားသည်။ ထိုနောက်မျက်မှောင်ကျုံ့ထားသည်ကိုဖြည်ကာ Kan ရဲ့လက်ကောက်ရှိ ကြိုးချည်၍နီရဲသွေးစို့နေသောနေရာလေးတွေကိုနမ်းပြီးလျှာနဲ့ယက်လိုက်ကာ
"Kan...ကိုယ်မင်းကိုမလွတ်သင့်ဘူး...ကိုယ်မှားသွားတယ်...ဒီနေရာနာနေသေးလား"
အသံဟာ ပျော့ပြောင်းပြီးကြင်နာသောအသံ...Kan ခေါင်းခါလိုက်ပြီး ပြုံးလိုက်ကာ
"Shiyo ကျွန်တော့်ဘေးနားမှာရှိနေရင်အရာရာအဆင်ပြေပါတယ်"
Shiyo...kan ရဲ့နဖူးကိုအနမ်းပေးလိုက်ပြီး ပြုံးလိုက်ကာ
"Kan..."
Serious အသံနဲ့ခေါ်လိုက်သောအသံကြောင့် Kan မော့ကြည့်လိုက်သည်။ သူ့ကိုငုံ့ကြည့်နေသော Shiyo က
"ကိုယ့်ကိုချစ်လား"
ရုတ်တရက်မေးလိုက်သောမေးခွန်းကြောင့် Kan ကြောင်တောင်တောင်ဖြစ်သွားပြီး Shiyo ကိုစိုက်ကြည့်နေမိသည်။
"Kan?"
"ဟမ်...အမ်"
Kan ဘာဖြေလို့ဖြေရမှန်းမသိဘဲ မျက်နှာနီလာလေသည်။ Shiyo ကိုမျက်လုံးချင်းမဆုံရဲတော့ဘဲခေါင်းငုံ့လိုက်သော်လည်းဖြူဖွေးဖွေးလည်တိုင်လေးဟာနီရဲနေသည်ကိုမြင်နေရသည်။ Kan ရဲ့ရင်ခုန်သံမြန်ဆန်လာကာ ချွေးတွေပင်ထွက်လာသည်။
"အင်း"
"ဘာပြောလိုက်တယ်"
တိုးလွန်းသော Kan ရဲ့အသံကြောင့်မကြားလိုက်သော Shiyo ကပြန်မေးလေသည်။ Kan အသက်အောင့်ကာ
"ချစ်...ချစ်တယ်"
Shiyo ပြုံးသွားကာ Kan ရဲ့မေးစေ့ကိုကိုင်ပြီးမော့စေကာတစ်ပြိုင်နက်...
![](https://img.wattpad.com/cover/147395942-288-k508958.jpg)
YOU ARE READING
✴ The Living Doll ✴
Teen FictionShi ကအရုပ်တစ်ရုပ်ဖြစ်နေပေမယ့်သူ့မျက်လုံးများကကျွန်တော့်ကိုညို့ယူနိုင်တယ်...