Ep.2

125 26 0
                                    

ဆောင်းရာသီအကုန်နွေဦးကိုရောက်ပါရောလား နှစ်တွေ လတွေကတရွေ့ရွေ့နဲ့ ပြောင်းလဲ
လာပါတယ်......ဒါမဲ့တစ်ချို့ နာကျင်ခြင်း လွမ်းဆွေးခြင်းတွေကတော့မပြောင်းလဲသွားခဲ့

သစ်ရွက်တွေက လေအဟုန်မှာရစ်ဝဲလျှက် အဖြူ ရောင်သုတ်ထားတဲ့နှစ်ထပ်တိုက်လေးရဲ့ အပေါထပ်အခန်းတစ်ခန်းက ထွက်ပေါလာတဲ့ pianoအသံဟာ နွေဦးကိုပိုမိုလွမ်းရောင်တင် နေပါတော့တယ်

နာမည်ကြီး Piano သံစဉ်ဖြစ်တဲ့ Chopin ရဲ့ spring waltz သံစဉ် ဒီသံဇဉ်ကိုတီးခတ်နေတဲ့သူကတော့ အနက်ရောင် Piano Key ပေါမှာ သူရဲ့လက်ချောင်းသွယ်လျှလျှတွေနဲ့
မှော်သံစဉ်တွေအလား အသက်ဝင်စေခဲ့ပါတယ်

အသက်မဲ့နေတဲ့မျက်လုံးတွေ ဒီမျက်ဝန်းတွေက ကလေးတစ်ယောက်လို ဖြူစင်လွန်းလှပါတယ် တီးလုံးအဆုံးသတ်လိုက်တဲ့နောက်တော့ သူ့ဘေးနားမှာရှိတဲ့အသံတစ်သံကချီးကျူးစကား ဆိုလိုက်ပါတယ်

" နားထောင်ကောင်းလိုက်တာ နိုင်လေးမင်းတော်တော်တိုးတက်လာပြီ"

ထိုအသံကြားတော့သူအလန့်တကြားဖြစ်သွား ပါတယ်

"ထူးမြတ် မင်းဘယ်ချိန်ထဲကရောက်နေတာလဲ ကျောင်းမသွားဘူးလား"

ထူးမြတ်ဆိုသောကောင်လေးကခပ်သဲ့သဲ့ရယ်လိုက်ကာ သူ့နဖူးကချွေးစများကိုတစ်ရူးဖြင့် သုတ်ပေးလိုက်ပြီး

" ပူစီမပေါ့ ဗရုတ်သုတ်ခမ ဂျစ်တီးမ အိပ်ရာထနောက်ကျ နေသတဲ့ အခုမှရေချိုးနေတယ် အဲ့ဒါမင်းအခန်းကနေငါစောင့်နေတာ မင်းကpianoတီးနေတော့ မနှောက်ယှက်ပဲ တိတ်တိတ်နားထောင်နေတာ"

"အော်...ပူစီကိုမနက်ကငါသွားနိုးသေးတယ် ပြန်အိပ်ပျော်သွားတာနေမှာ"

ပါးချို င့်တစ်ဖက်ပေါတဲ့ထိ သူကနှစ်ခြိုက်စွာ ပြုံးရီလိုက်ပါတယ် နောက်ပြီး လှပစွာကော့ပြန်နေတဲ့ မျက်တောင်နက်နက်တွေအောက်က မျက်ဝန်းတွေမှေးစင်သွားတဲ့အထိပေါ့

"နိုင်လေး..."

"အင်း"

"မင်းမျက်ဝန်းတွေသိပ်လှတယ်"

နှလုံးသားကတဒိတ်ဒိတ်ခုန်မြန်သွားပါတယ် ဒါပင်မဲ့ သူ့ရဲ့ရင်ခုန်သံတွေကို ထူးမြတ်မောင်ဆိုတဲ့ ချို မြိန်သောသံစဉ်လေး ကြားသွားလို့မဖြစ်ပါ

A piece of my heart ❤Where stories live. Discover now