Ep.15

81 9 0
                                    

လမ်းတစ်​​လျှောက်​လုံး လှပ့တဲ့ရှုခင်း​တွေနဲ့ မြို့အထွက်​​လေးဟာ အရမ်းလှလွန်း​နေပါတယ်​ အညွှန့်​​တွေရဲတွတ်​​နေတဲ့ သ​ပြေခင်း​တွေ အစိမ်းအနွယ်​အခက်​​တွေကြားမှာ ရဲရဲနီ​နေတဲ့နဂါး​မောက်​သီး​ခြံ​တွေ ​ရောင်​စုံပိတ်​ကားကြီးလိုလှတဲ့ ဂန္နမာပန်းခင်းကြီး​တွေ လှလွန်းလို့ သူမျက်​​တောင်​​မခတ်​​ငေး​နေ​ပေမဲ့လည်း သူ​ပေါင်​​ပေါအိပ်​​ပျော်​​နေတဲ့ အရှုပ်​ထုတ်​​လေးက​တော့ အိမ်​မက်​ကမ္ဘာထဲ​ရောက်​​နေပြီထင်​ပါတယ်​။

"ကား​ပေါ​ရောက်​တာနဲ့ အိပ်​​တော့တာပဲကွာ"

သူ့စကားကို ခင်​ထက်​သာက မ​ကျေမနပ်​ဖြင့်

"ဟဲ့...နင်​​ပေါက်​​ပေါက်​​ဖောက်​မ​နေနဲ့ နိုင်​နိုးသွားမယ်​"

သူ ခင်​ထက်​သာကို လက်​သီးဆုပ်​ပြီး သတိထား ဆိုတဲ့ ပုံနဲ့ ပြန်​လုပ်​ပြလိုက်​တယ်

"​အောင်​မယ်​ နင်​​တွေ့မယ်​"

"​ဟေ့ ​တော်​​တော့ ကိုကိုကား​မောင်း​နေတယ်​​လေ အာရုံလွဲ​အောင်​မလုပ်​ကြနဲ့ "

ကိုကို သူတို့​ကြောင့်​စိတ်​ရှုပ်​သွားတယ်​ထင်​ပါတယ်​ ခင်​ထက်​သာ သူမက​တော့ ကိုကိုဆူရင်​ ငိုမဲ့မဲ့နဲ့ ဖြစ်​​နေတက်​တယ်​ အခုလည်း......။

နိုင်​ရဲ့မျက်​နှာချွန်​ချွန်​​လေးကိုသူ​ငေးကြည့်​​နေရင်း စိတ်​​တွေကထိန်းမရ မျက်​ခုံး​မွှေးစိမ်းစိမ်း​လေး​တွေရဲ့အ​ပေါက ကျယ်​ပြန့်​လှ​သော စွဲ​ဆောင်​မူ့ရှိတဲ့ နဖူး​လေးကို နမ်းကြည့်​ချင်​မိတယ်​ စိတ်​ထဲကလည်း ကိုယ့်​ကိုကိုယ်​ပြန်​ထိန်းပြီး​ပြော​နေမိတာက..

"ခိုးနမ်းလိုက်​ရင်​​ကောင်​မလား...
အားးး..ငါဘာ​တွေ​တွေး​နေတာလည်း..
ရှုးပြီး..ထူးမြတ်​​မောင်​မင်း​တော့ ရူးပြီး...
......ခိုးနမ်းကြည့်​မယ်​​လေ ဘယ်​သူမှမမြင်​​လောက်​ပါဘူး..
မနမ်းရဘူး...စိတ်​ထိန်း.စိတ်​ထိန်း.....
မသိဘူး​တော့ဘူးကွာသွား..."

သူစိတ်​ထိန်းတဲ့ကြားက နိုင်​ရဲ့နဖူး​လေးရှိ သူနူတ်​ခမ်း​တွေက အထိန်းချူပ်​ အတားဆီးမဲ့စွာ​ရောက်​ရှိသွားတယ်
ူ့ကိုကိုကလည်းကားကိုအာရုံစူးစိုက်​​မောင်း​နေတယ်​ ခင်​ထက်​သာကလည်း စိတ်​ဆိုးပြီး ပြတင်းတံခါးအပြင်​ဘက်​ရှု့ ခင်း​တွေပဲကြည့်​​နေ​တော့ သူ့အပြုအမူ​တွေကိုဘယ်​သူမှသတိမထားမိလိုက်​ကြဘူး....

A piece of my heart ❤Where stories live. Discover now