Ep. 3

90 24 1
                                    

ဒီမြို့လေးရဲ့ မြို့အဝင်မှာ နှစ်ပေါင်းများစွာ
သက်တမ်းရှိတဲ့ စိမ်းမြနေတဲ့ ရေကန်ကျယ်ကြီး
ရှိပါတယ် အဲ့ကန်ရဲ့ဘေးမှာတော့ အထက်တန်းကျောင်းရှိတယ် မြို့ကကျောင်းသူ ၊ကျောင်းသားအများစုက အဲ့ကျောင်းမှာပဲ ပညာသင်ပါတယ်။

ပူစီ....သူမကတော့ ထိုကျောင်းရဲ့ လူဆိုးစာရင်းဝင် တစ်ဦး ကျောင်းလစ်ပြီဟေ့ဆို သူမပါသည် အုပ်စုလိုက်ရန်ဖြစ်ပြီဆိုလဲ အများနှင့်တစ်ယောက် သူမဆိုးသမျှကို ဖြေရှင်းရတဲ့သူတွေကတော့.....
တစ်ဦးက ထူးမြတ်မောင် ဆိုသော သူမချစ်လှစွာသောသူငယ်ချင်း နောက်တစ်ဦး သူက ထူးမြတ်မောင်၏အကို ကောင်းမင်းခန့်..။

"ပူစီ..နောက်နေ့နင်အိပ်ရာစောစောထ အိပ်ပုတ်ကြီးချက် နင့်ကြောင့် ငါကျောင်းနောက်ကျတာ"

ထူးမြတ်မောင် သူမကိုအပြစ်တင်ကာ လက်သီးဖြင့်ရွယ်လိုက်ပါတယ်

"အမလေး နင်ရောဘာထူးလဲ နိုင်လေးတီးတဲ့ pianoသံနားထောင်နေတာအကြာကြီး ငါမနည်းအော်ခေါရတယ် "

ထူးမြတ်မောင်တစ်ယောက် သူမစကားကြောင့် ရှက်ရွံသလိုဖြစ်သွားပြီ ပြုံးလိုက်ပါတယ်။

ထိုစဉ် မမျှော်လင့်ပဲ သူတို့အရှေ့ကို ရောက်လာတဲ့ ယောကျာ်းလေးတစ်ယောက်နှင့်
မိန်းခလေး၃ယောက်...

"ဟိုင်း..ခင်ထက်သာ"

"ဘာလဲ"

"အဟင့်....မကျေပွဲလေးနွဲချင်လို့ဆိုပါတော့"

"ဘာမကျေပွဲလဲ....အော်..ဟီးးဟိုတစ်နေ့က နင်တို့ကိုငါခွေးနဲ့ရူးတိုက်လို့ ခွေးပြေးဝက်ပြေး ပြေးရာတာကိုပြောတာလားဟင်"

"ဒီ..ဒီမယ်..ခင်ထက်သာ
နင်သေချာနားထောင်
ငါ့ဖေဖေကဒီမြို့မှာအကြီးဆုံးတရားသူကြီးပဲ"

"ဟား.ဟား..အဲ့တော့ငိုပေးရမလား ငါအမေကနင့်အဖေထက်တောင်ကြီးသေး နင်တို့တစ်အိမ်လုံးငါတို့အထည်ဆိုင်ကအကြွေးယူဝတ်နေတာငါသိတယ်"

တစ်ဖက်က ရန်လာလုပ်တဲ့အုပ်စု ဒေါကန်သွားပါတော့တယ် ထူးမြတ်မောင်လဲ သူမနားကပ်ပြီးစကားတစ်ခွန်း ပြောလိုက်ပါတယ်

A piece of my heart ❤Where stories live. Discover now