Ep.11

61 13 1
                                    

လူတစ်ယောက်အမြင်အာရုံကွယ်သွားရင်...အခြားတစ်ယောက်ကို မမြင်ရတော့ပေမဲ့ အဲ့လူရဲ့နှလုံးသားကိုတော့
မြင်ရသတဲ့....ဟာသများဖြစ်နေမလား
ဒါပေမဲ့ အဲ့တာအမှန်ပါ

နေ့လယ် ၁၂နာရီထိုးတော့ အိမ်ရှေ့ကို ခြံစောင်ဦးကြီးအကူညီနဲ့
အိမ်ပေါထပ်ကနေသူဆင်းလာခဲ့တယ်....

ငယ်ငယ်ထဲက ဒီအိမ်မှာနေလာတဲ့အတွက် ဘယ်နေရာဘာရှိတယ်ဆိုတာ မမြင်ရပေမဲ့ သူအလိုလိုသိနေခဲ့ပြီ....

ခြံထောင့်ကချယ်ရီလို့သူတို့ခေါတဲ့အပင်ကြီးက အနံသင်းသင်းလေးမွှေးနေပါတယ်...ပွင့်ဖတ်လေးတွေကတော့ သိပ်လှတယ်လို့ပြောကြတယ်...
ဒါပေမဲ့..သူအဲ့လှပမူ့ကိုလဲခံစားနားလည်နိုင်ပါတယ်

လူတွေချစ်ပြီးရင်မုန်းဖို့ခက်သွားကြတယ်တဲ့ မုန်းစရာကိစ္စ ပါလာရင်တောင် အဲ့ချစ်တဲ့စိတ်ကကျန်ရှိနေတုန်းပဲတဲ့

ဒီစကားကို သူ့မေမေပြောနေကြပေါ့...
သူ့ဖေဖေကတော့ဆုံးသွားပြီတဲ့...ဒါမဲ့သူမယုံကြည်ခဲ့ပူစီက တစ်ခါတလေ ဖေဖေရှိတဲ့နေရာကိုသွားချင်တယ်လို့်
သူ့ရှေ့မှာ ယောင်ပြီး ပြောတက်ပါတယ်
ဒါကြောင့်......ဖေဖေမသေဘူးလို့သူယုံကြည်နေခဲ့တယ်

အိမ်ရှေ့လမ်းကဖြတ်သွားတဲ့ကျောင်းသူလေးတွေက သူ့ကို လာခိုးကြည့်တက်တယ် သူတီးတဲ့piano သံစဉ်တွေဆို သူတို့တွေအလွတ်ရနေပြီတဲ့ ဒါကခြံစောင်ဦးလေးဆွေ ပြောပြတဲ့စကား...အခုလဲပြောရင်းဆိုရင်း

"ဒီကောင်မလေးတွေ
ဘာလာလုပ်ပြန်တာလဲ
ကျောင်းမတက်ကြဘူးလား...ဟမ်.." 😕

"ဟာ...ဦးလေးကလဲ တိုးတိုးနေပါ
ကြားသွားမှဖြင့်..." 😒"အေးလေ ဦလေးဆွေကလဲ ခဏပဲ ခိုးကြည့်မှာ" 😒"ဦးလေး..သူpianoမတီးဘူးလားဟင် "😒
"ဦးလေး သူအမမရှိဘူးမလားဟင်"

စကားလုံးပေါင်းများစွာက နားထဲကို တဟုန်းထိုးဝင်ရောက်လာပါတော့တယ် ...သူ့အမ ခင်ထက်သာကိုတော့ ထိုကလေးမတွေကြောက်ကြပါတယ်
ထိုစဉ်.....ကားတစ်စီးအိမ်ရှေ့ရပ်သံကြားလိုက်ရပြီနောက်....

"ဟဲ့..ဘာလာလုပ်ကြတာလဲ
နင်တို့ကိုမလာနဲ့လိုငါမပြောထားဘူးလား" 😤

A piece of my heart ❤Where stories live. Discover now