Part ( 6 )

2.5K 198 4
                                    

Zawgyi

Jungkook's POV

"Tae, စောင့်ဦး " ဆိုပြီးကျွန်တော်သူ့နောက်လိုက်သွားဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ Jimin က ကျွန်တော့ကိုတားခဲ့တယ်

Jimin: ဒီလိုမျိုးလုပ်ဖို့ ငါမရည်ရွယ်ပါဘူး..ဒါပေမဲ့ သူစိတ်ပြန်တည်ငြိမ်သွားအောင်မင်းအချိန်နည်းနည်းပေးသင့်တယ်လို့ထင်တယ်

ကျွန်တော်သက်ပြင်းရှည်ကြီးချမိလိုက်တယ်

Kook: မင်းပြောတာလည်းမှန်တာပဲ..ငါဒီမှာပဲခဏနေလိုက်ဦးမယ်

Jimin ပြောတာလည်းမှန်ပါတယ်..ကျွန်တော် Tae ကိုတစ်ယောက်တည်းနေဖို့အချိန်ပေးသင့်တယ်..သူ..အဲ့လိုမျိုးဖြစ်နေတာဘာကြောင့်လဲဆိုတာကျွန်တော်သိတယ်..ကျွန်တော် jimin ဆီပါသွားမှာကိုသူကြောက်နေတာ..သူ သဝန်တိုနေတာပေါ့..သူဘာကြောင့်.....သူက ကျွန်တော့်ရဲ့.....ချစ်သူဖြစ်နေတာလေ

မဖြစ်ရင်ရော...သူ ကျွန်တော့်တို့က ချစ်သူတေပါဆိုပြီးအရင်ကတစ်ခါမှမပြောဖူးဘူး..တစ်ခါတလေ ကျွန်တော့စိတ်တွေရောထွေးလာတယ်..ကျွန်တော်တို့ကဘာတွေလဲ..တစ်ယောက်ကိုတစ်ယောက်ဖုံးကွယ်နေကြတဲ့ဆက်ဆံရေးလား..ဒါမှမဟုတ် ပွင့်လင်းတဲ့ဆက်ဆံရေးလား..

ကျွန်တော်နောက်တစ်ခါသက်ပြင်းထပ်ချမိပြန်ပြီ..ကျွန်တော်စိတ်ရှုပ်နေတာကို jimin သတိပြုမိသွားတယ်ထင်တယ်..

Jimin: Hey,မင်းစိတ်ထဲမှာရှိနေတာတွေကိုငါ့ကိုပြောပြချင်လား?မင်းအာရုံတွေထွေပြားနေပုံပေါ်တယ်..

Kook:ငါမင်းကိုပြောပြရင်, တစ်ယောက်မှပြောမပြဘဲနေမှာလား?

Jimin ကခေါင်းငြိမ့်ပြခဲ့တယ်..ကျွန်တော်ပြောတာတွေကိုတစိုက်မတ်မတ်နားထောင်ရင်း..

Kook: Taehyung ပေါ့....သူကမင်းက ငါ့ကိုသူ့ဆီကလုသွားဖို့ကြိုးစားနေတယ်လို့ထင်နေတာ..Tae နဲ့ငါက...မင်းသိပါတယ်..ငါတို့ကသူငယ်ချင်းအဆင့်ပဲမှမဟုတ်တာ...

Jimin: ငါကမင်းကိုကြိုက်နေတယ်ဆိုရင်ရော..

ကျွန်တော်မျက်လုံးတေပြူးကျယ်သွားရပြီ..

သူက တခစ်ခစ်ရယ်ပြီးတော့ပြောတယ်..
Jimin: ငါစနေတာပါကွာ..မင်းတို့နှစ်ယောက် date မလို့လား..ဒါမှမဟုတ်..တစ်ခုခု..

WHEN YOU'RE GONE { COMPLETE }Where stories live. Discover now