Part (10)

2.3K 151 9
                                    

Zawgyi

ကဲ...မုန်တိုင်းအန္တရာယ်သတိပေးတားမြစ်ချက်...🚨🚨
မုန်တိုင်းအဆင့် : အနီရောင်
**********************
Jungkook's POV

မနက်ခင်းလေးက ကျွန်တော့ရဲ့ချစ်ရပါသော..
ချစ်သူကောင်လေးရဲ့ နှုတ်ခွန်းဆက်စကားလေးနဲ့စတင်လိုက်တယ်..သူကျွန်တော့ကိုကတိပေးခဲ့သလိုပဲ..မနက်တိုင်း ငါမင်းကိုချစ်တယ် ဆိုတဲ့စကားလေးကိုမမေ့မလျော့ သူပြောပေးတယ်လေ..တစ်နေ့မှမမေ့ဘဲနဲ့ပေါ့..သူစကားလုံးတွေကိုအစွဲကြီးပုံကတော့အံ့မခန်းပါပေ..သူ့လိုလူမျိုး အခုအချိန်ရှာတွေ့ဖို့ကရှားပါးလွန်းနေပြီလေ..ဟုတ်တယ်မလား..ကျွန်တော့ရဲ့နှလုံးသားကိုနွေးထွေးအောင်ပြုလုပ်ပေးဖို့ သူမပျက်ကွက်ဘူး..အချိန်တိုင်း ကျွန်တော့ကို special date တွေပြုလုပ်ပေးတတ်သူ..ကျွန်တော့ရဲ့ရင်ဘတ်ထဲမှာ လိပ်ပြာလေးတွေပျံသန်းနေအောင်ပြုလုပ်ပေးဖို့..သူဘယ်တော့မှမပျက်ကွက်ခဲ့ဘူး....

သူကျွန်တော့အပေါ်တကယ့်ကိုကောင်းတယ်..ဒါကြောင့် ဒီနေ့သူ့ကျေးဇူးကိုပြန်ဆပ်သင့်နေပြီလေ..အဲ့ဒီ့တော့ ကျွန်တော်ဒီနေ့သူ့ကိုလက်စွပ်ဝယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်..သူ ကျွန်တော့အတွက်ဝယ်ပေးထားတဲ့လက်စွပ်ကိုကျွန်တော်တစ်ချက်ကြည့်လိုက်တယ်..လက်စွပ်လေးကရိုးရိုးလေးပါ ဒါပေမဲ့ ခေတ်ဆန်ဆန်လည်းဖြစ်တဲ့ ငွေလက်စွပ်လေး..ကျွန်တော်ထင်တာကတော့ သူတော်တော်အလုပ်ကြိုးစားပြီးတော့ ဒီလက်စွပ်အတွက်ပိုက်ဆံစုထားလောက်တယ်..ကျွန်တော်..တော်တော်အားနာနေပြီလေ..ကျွန်တော်သူ့ကိုပြန်ပြီးတော့ကျေးဇူးဆပ်သင့်နေပြီမဟုတ်လား...ကျွန်တော့်မှာပိုက်ဆံများများတော့မရှိပါဘူး..ဒါပေမဲ့ ကျွန်တော့စုငွေနဲ့လောက်တဲ့ လက်စွပ်ကောင်းကောင်းလေးတစ်ကွင်းတော့ရရမယ်လေ..တစ်ခါတလေ ကျွန်တော်တွေးမိတယ် ကျွန်တော်လုပ်တဲ့အရာတွေက ပြီးပြည့်စုံတဲ့ taehyung လိုလူမျိုးနဲ့ပဲထိုက်တန်တယ်ဆိုတာကိုလေ...

ဒီနေ့က တနင်္ဂနွေနေ့..ပျော်စရာကြီး ကျောင်းမတက်ရဘူး...ကျွန်တော်တို့နှစ်ယောက်စလုံး အဆောင်ခန်းထဲကအိပ်ရာထက်မှာပဲ တစ်ယောက်ရင်ခွင်ထဲတစ်ယောက်ဝင်ရင်း ကျီစယ်နေကြတာလေ..ကျွန်တော် shopping ထွက်ဖို့အကြံမပေးခင်အချိန်ထိပေါ့...သူကသဘောတူပြီးတော့ အဆင်သင့်ပြင်ဖို့ အိပ်ရာထလိုက်တယ်..ဟဲ..ဟဲ..ဒီနေ့ကျွန်တော်တို့ရေတူတူချိုးကြတယ်လေ..အဲ..အသေးစိတ်ကိုတော့ ကျော်လိုက်ကြရအောင်...ကျွန်တော်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ဘာလုပ်မလဲဆိုတာကိုသိမယ်လို့တော့ထင်တယ်..အနမ်းတေနဲ့တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ရင်းပေါ့..ကဲ..သိလောက်ပါပြီဆက်မပြောတော့ဘူး...

WHEN YOU'RE GONE { COMPLETE }Where stories live. Discover now