Part ( 11 / 1 )

1.8K 122 0
                                    

Zawgyi

A/N: Reader များရှင့်..ဒီအပိုင်းမှာ သီချင်းလေးနှစ်ပုဒ် ပါပါတယ်ရှင့်..ဒါမဲ့ လရိပ်ဖုန်းက နည်းနည်းကြောင်နေတာမလို့ video ကိုထည့်မပေးနိုင်ခဲ့ပါပု..တောင်းပန်ပါတယ်နော်..ကွင်းစကွင်းပိတ်လေးတေက Jungkook နဲ့ Taehyung ရဲ့ အတွေးလေးတေကိုရေးထားတာပါရှင့်..သီချင်းလေးတေကတော့ Avril ရဲ့ When you're gone ဆိုတဲ့ သီချင်းလေးနဲ့..လရိပ်တို့ချစ်တဲ့သူတစ်ဦးဖြစ်တဲ့ Taeyang ရဲ့ eyes nose lips သီချင်းလေးဖြစ်ပါတယ်ရှင့်. Bold word နဲ့ရေးထားတာတွေက သီချင်းစာသားတေပါရှင့်..သီချင်းလေးနားထောင်ရင်း စာဖတ်ရင်ပိုပြီးပြည့်စုံသွားမှာဖြစ်ပါတယ်...ဒီအပိုင်းကိုလည်းကြိုက်မယ်လို့မျှော်လင့်ပါတယ်ရှင့်...

Jungkook's POV

အခု ကျွန်မတို့ရဲ့ရေဒီယို 91.3 FMကနေ ထုတ်လွှင့်ပေးမယ့်သီချင်းကတော့..Avril's ရဲ့ When you're gone သီချင်းလေး ဖြစ်ပါတယ်ရှင့်..နားဆင်ပေးကြပါဦးနော်..

အော်..2 လတောင်ရှိသွားခဲ့ပြီ ကျွန်တော်လည်း အဆောင်ခန်းထဲမှာတစ်ယောက်တည်းရှိနေခဲ့တယ်..စနေနေ့တစ်ရက်ရဲ့နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်ရေဒီယိုကိုနားထောင်နေမိတယ်။ခုတင်ပေါ်မှာထိုင်လျက် စောင်ကို တစ်ကိုယ်လုံးပတ်ခြုံထားပြီးတော့ ကျွန်တော့်မျက်လုံးအစုံက လှုပ်ရှားမှုမရှိတဲ့ နံရံကိုပဲကည့်နေမိခဲ့တယ်။ ကျွန်တော်ရေဒီယိုက သီချင်းကို သေချာနားထောင်ကြည့်မိတော့ ကျွန်တော်တို့ရဲ့ အတိတ်ကို သတိရမိသွားပြီး ကျွန်တော်မျက်ရည်ကျလာခဲ့တယ်။

I always needed time on my own
( ကျောင်းရဲ့ပထမဆုံးနေ့ ၊ ဆံပင် နီညိုရောင်နဲ့မင်းဟာ အတန်းထဲမှာ ငါ့ဘေးကိုဝင်ထိုင်ခဲ့တယ်။ မင်း ငါ့ကိုပြုံးပြပါတယ် ဒါပေမဲ့ ငါ့ရဲ့တစ်ယောက်တည်းနေတတ်တဲ့အကျင့်ကြောင့် မင်းကိုလျစ်လျူ ရှုမိခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့သူငယ်ချင်းဖြစ်လာဖို့ကို စိတ်အားထက်သန်နေခဲ့တယ်။ ငါတို့ အဆောင်ခန်းကို နှစ်ယောက်တူတူနေဖို့ဖြစ်လာခဲ့တယ်။ ငါ..မင်းနဲ့ တူတူ နေ့လယ်စာစားဖို့ တုံ့ဆိုင်းနေခဲ့တာတောင်မှ မင်းလက်မလျှော့ခဲ့ဘူး။ ငါ..ဝန်လေးနေခဲ့တာ မင်းကိုမကြိုက်လို့မဟုတ်ပါဘူး..မင်းလိုမျိုး ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်နဲ့ အပြင်တူတူသွားဖို့ကို ငါရှက်နေခဲ့တာ။ ဒါပေမဲ့ ငါတို့တွေ အပြင်တူတူသွားဖြစ်ခဲ့ကြပါတယ်။ ငါတို့တွေ နီးကပ်လာတဲ့အချိန်မှာ မင်းကငါ့ကို kookie လို့ခေါ်ပြီးတော့..ငါကတော့ မင်းကို ဂြိုဟ်သားကြီးလို့ ခေါ်ခဲ့ကြတယ်လေ..ဟဟ..ဒါကငါတို့နှစ်ယောက်ခင်မင်မှုရဲ့အစလို့ဆိုရမှာပေါ့။)

WHEN YOU'RE GONE { COMPLETE }Where stories live. Discover now