Zawgyi
Taehyung's POV
ကျွန်တော်ဘယ်လိုလို့စိတ်မဆိုးပဲနေနိုင်မလဲ..ကျွန်တော် jimin ကိုစိတ်ထဲဘဝင်မကျမှန်းသိရက်နဲ့ အလွယ်တကူ..' ရတာပေါ့ ' လို့ပြောနိုင်ရတာလဲ..အဆုံးစွန်ဆုံးပြောရရင်..သူကပျော်ပျော်ရွှင်ရွှင်နဲ့ကို အဲ့စကားကိုပြောနေတာ..
ကျွန်တော် တော်တော်စိတ်တိုသွားပြီးတော့..ကော်ဖီဆိုင်ကနေထွက်လာခဲ့တယ်..ပြီးတော့ အဆောင်ခန်းကိုပဲပြန်ခဲ့တယ်..ကျွန်တော့နာမည်ကိုအော်ခေါ်နေတဲ့ jungkook ကို လျစ်လျူ ရှုခဲ့ပြီးတော့..ကျွန်တော့ခြေလှမ်းတွေကိုမြန်မြန်လှမ်းခဲ့တယ်
ကျွန်တော့်ရဲ့တုံ့ပြန်မှုတွေကလွန်သွားမှန်းကျွန်တော်သိတယ်..အပြင်မှာတကယ်ဖြစ်မလာနိုင်မယ့် အိပ်မက်ဆိုးကြီးဆိုတာလည်းသိတယ်..ကျွန်တော် kook ကိုဘယ်သူ့ဆီမှပါမသွားအောင်ကာကွယ်ပေးချင်စိတ်တွေများနေလို့ပြဲဖစ်မယ်ထင်တယ်
ဒါပေမဲ့..သူကအဲ့လိုမျိုးတွေမလိုချင်ဘူးဆိုရင်ရော..အာ့ဆိုလည်း jimin နဲ့သွားနေလိုက်ပါလား...သူ့ကိုသိခဲ့တာကြာပြီဖြစ်တဲ့ကျွန်တော်မဟုတ်တဲ့..သူနဲ့မကြာသေးခင်ကမှတွေ့တဲ့ ကောင်လေးတစ်ယောက်နဲ့...
ကျွန်တော်အတွေးလွန်နေပြီ..ကျွန်တော် အဲ့ဒီ့အတွေးတွေကိုဖျောက်ပစ်ဖို့ အိပ်ဖို့ပဲကြိုးစားလျုက်တယ်..ကျွန်တော်ဘယ်လောက်ထိအိပ်ပျော်သွားလဲတောင်မသိဘူး..တစ်စုံတစ်ယောက်ကကျွန်တော့ဆံပင်ကိုပွတ်သပ်ပြီး ကျွန်တော့နဖူးကို အနမ်းမပေးခင်အထိ....
Jungkook ဆိုတာသေချာတာပေါ့...
ကျွန်တော်မျက်လုံတွေကိုမှေးဖွင့်ကြည့်လိုက်ပြီးတော့..နံရံပေါ်ကနာရီကိုတစ်ချက်ကြည့်လိုက်တယ်..ညနေ 5 နာရီတောင်ရှိနေပြီပဲ..အဲ့ဒါဆို သူတိုနှစ်ယောက်က 2 နာရီလောက်တောင် ကော်ဖီဆိုင်မှာတူတူရှိနေခဲ့တာပေါ့..Wow..ထားပါတော့..
သူကမနေ့ကမှဒီကျောင်းကိုပြောင်းလာတာတောင်ပြောစရာတွေများပုံပေါ်တယ်..ဟုတ်ပါတယ်..မနေ့က..အဲ့ဒီ့မနေ့က..မနေ့က....မနေ့က..တောင်းပန်ပါတယ်ကျွန်တော်နည်းနည်းလေးစိတ်ရှုပ်သွားတယ်..ဆက်ပြောရအောင်...
YOU ARE READING
WHEN YOU'RE GONE { COMPLETE }
Fanfictionဒုတိယအခွင့်အရေးဆိုတာရှိလာခဲ့ရင်...... အခွင့်အရေးကိုကောင်းကောင်းအသုံးချမှာလား ဒါမှမဟုတ် အလေးမထားဘဲနေတော့မှာလား..... Jungkook & Taehyung Myanmar translated fic ဒုတိယအခွင့်အရေးဆိုတာရှိလာခဲ့ရင်...... ...