Zawgyi
Jungkook's POV
????: " Taehyung, ရောက်ပီလား..လာ..ကြိုဆိုပါတယ်"
ကျွန်တော်ထက်အရပ်နည်းနည်းလေးရှည်ပြီး..ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောကက်က စားသောက်ဆိုင်ရဲ့ဝင်ပေါက်မှာ ကျွန်တော်တို့ကိုကြိုဆိုနှုတ်ဆက်ခဲ့တယ်..ကျွန်တော်တို့ကိုတောက်ပတဲ့အပြုံးနဲ့ လှိုက်လဲစွာကြိုဆိုမှုနှင့်အတူ.....
Tae: " Babe.ကိုယ် မင်းကို Jin နဲ့မိတ်ဆက်ပေးမယ်..ငါ့သူငယ်ချင်းလည်းဖြစ်..hyung တစ်ယောက်လည်းဖြစ်တဲ့သူပေါ့..."
ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်..ပြီးတော့ သူ့ဘက်ပြောလာခဲ့တယ်...
Jin: " အာ...မင်းက Jungkook ဖြစ်ရမယ်.. Taehyung ရဲ့ အရေးပါတဲ့သူလေးပေါ့ "
ကျွန်တော်ခေါင်းငြိမ့်ပြခဲ့တယ်..သူ့စကားမှာရှက်သွေးလေးနည်းနည်းဖြာသွားရင်းပေါ့...
Jin: " ဒီဘက်ကိုကြွပါခင်ဗျ...တောင်းဆိုထားတဲ့အတိုင်း special စားပွဲကိုပြင်ဆင်ပေးထားပါတယ်.."
Special? တောင်းဆိုထားတာ? ဟမ်..ဘာတေဖြစ်နေတာလဲ...
ကျွန်တော် teahyung အနားကိုကပ်သွားလိုက်ပြီး တိုးတိုးလေးမေးခဲ့တယ်...
Kook:" Hey..ချစ်လေး..ငါတို့ရိုးရိုးစားပွဲမှာပဲစားကြမယ်လေ..မင်းကိုအများကြီးမကုန်စေချင်ဘူး "
Tae: " ရပါတယ်..ကိုယ်ပိုက်ဆံလောက်တယ်..." ကျွန်တော့ကိုသွားတေပေါ်အောင်ပြုံးပြရင်း...
ကျွန်တော်တို့ jin နောက်ကနေလိုက်လာခဲ့တယ်...ကျွန်တော့်မျက်လုံးတေကို စားသောက်ဆိုင်တစ်ဆိုင်လုံးကို ကစားနေလိုက်တယ်...ကျွန်တော်ဒီရောက်တာ ပထမဆုံးအကြိမ်ပဲ...ဒီဆိုင်က ရှေးရိုးပုံစံနဲ့သာမန်ပုံစံဖြစ်ပေမဲ့
ဘေးပတ်ဝန်းကျင်နဲ့ အပြင်အဆင်တွေကအံ့သြဖို့ကောင်းတယ်.. အပြင်ဘက်ထိုင်ခုံနေရာတွေနဲ့ အတွင်းဘက်ထိုင်ခုံနေရာဆိုပြီးရှိတယ်..မီးရောင်လေးတွေကနွေးထွေးတဲ့ လိမ္မော်ရောင်လေး...ဒါအပြင် သီချင်းသံငြိမ့်ငြိမ့်လေးကိုလည်းဖွင့်ပေးထားသေးတယ်..လှလိုက်တာကွာ....ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ထောင့်စွန်းဘက်လောက်ရောက်တော့ ရပ်လိုက်တယ်..တခြားဧည့်သည်တေနဲ့ဝေးတဲ့နေရာပေါ့..
YOU ARE READING
WHEN YOU'RE GONE { COMPLETE }
Fanfictionဒုတိယအခွင့်အရေးဆိုတာရှိလာခဲ့ရင်...... အခွင့်အရေးကိုကောင်းကောင်းအသုံးချမှာလား ဒါမှမဟုတ် အလေးမထားဘဲနေတော့မှာလား..... Jungkook & Taehyung Myanmar translated fic ဒုတိယအခွင့်အရေးဆိုတာရှိလာခဲ့ရင်...... ...