February 12, 2018 ~
"Oh.. Sorry "
နောက်မှ ဝင်အတိုက်ခံလိုက်ရပြီး တောင်းပန်စကားထွက်ကျလာရာ အသံပိုင်ရှင်ဆီ လှည့်ကြည့်မိတော့ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် ကောင်သေးသေးလေးက အားနာပြုံးလေး ပြုံးပြနေတာကြောင့် ခေါင်းတစ်ချက်ငြိမ့်ပြပြီး ပြန်လှည့်ထွက်မယ်အလုပ်.....
"ဒီမှာ...."
အသံချိုချိုလေးကို နောက်တစ်ကြိမ်
ထပ်ကြားလိုက်ရပြီးခြေလှမ်းတွေ အလိုအလျောက်ရပ်တန့်မိလိုက်တယ်။လည်ပြန်လှည့်ကြည့်လိုက်ပြီး ကိုယ့်ရင်ဘတ်ကိုပုတ်ပြလို့"ကျွန်တော့်ကို ခေါ်တာလား" လို့အမေးစကားပြုမိတော့....
"အင်း...ဟိုလေ အချိန်ရရင် စကားနည်းနည်းပြောခွင့်ပြုမလား?" တဲ့။
လက်ကောက်ဝတ်ပေါ်က နာရီကိုတစ်ချက်ငုံ့ကြည့်မိတော့မနက် ၈ နာရီ ၂၀ မိနစ်...။ ရှေ့နေ ဖြစ်တဲ့
အလျောက်အချိန်တိကျမှုက အရေးကြီးသည်လေ...။
မနက် ၁၀ နာရီမှ ရုံးခန်းရှိရာတိုက်ခန်းဆီသွားရမှာမို့
တစ်နာရီခွဲလောက် အချိန်ရသေးကြောင်း စကားပြန်မိတော့ ကောင်ငယ်လေးရဲ့ ဖိတ်ခေါ်မှုနဲ့အတူ
အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်ကို ရောက်ရှိခဲ့ရလေရဲ့...။"ဟို...ဟိုလေ...တစ်ခါမှ မဆုံဘူးပဲနဲ့ ဒီလိုစကားမျိုးပြောရတာနည်းနည်းတော့ တစ်မျိုးဖြစ်မလားမသိဘူး"
သူ့ရှေ့က Blueberry smoothie ထဲစိုက်ထားတဲ့ပိုက်ကို
ဆော့လိုက် ~ လည်ပင်းကိုပွတ်လိုက်နဲ့ နည်းနည်းအကြပ်ရိုက်နေတဲ့ ကောင်ငယ်လေးရဲ့ အပြုအမူကြောင့်"အနေမခက်ပါနဲ့...ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်" ဆိုပြီး စကားထောက်လိုက်ရတယ်...။
"ဟုတ်ကဲ့~ဒါဆို အရင်ဆုံး နာမည်မိတ်ဆက်ကြမလား?ကျွန်တော်က ဗြောင်ဘတ်ဟျွန်း ပါ...တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး အနောက်တိုင်းမေဂျာ အထူးပြု ယူထားပါတယ်"
YOU ARE READING
ChanBaek One Short Collection
Randomရေးခဲ့ဖူးသမျှ နှင့် ထပ်မံရေးမည့် One Short များ ♡