[A/N-လူတိုင်းသိပြီးသားဖြစ်မယ့်...အပေါ်က
သီချင်းလေးနဲ့
တွဲဖတ်ပေးစေလို]°°°°°°°°°°°°°°°°°°°°°°°°°
"မင်းတို့တစ်ကယ် ဆုံးဖြတ်ပြီးပြီလား...
တစ်ကယ်ဘာတွေပဲဖြစ်လာပါစေ နောင်တမရဘူးဆိုတာသေချာလို့လား?""ဟုတ်ကဲ့ ဆရာ ကျွန်တော်တို့
အကြိမ်ကြိမ်စဉ်းစားပြီးမှ
ဒီစကားကိုပြောတာပါ"S.M Entertainment အဆောက်အအုံရဲ့
အခန်းတစ်ခန်းထဲမှာ ဆရာတပည့်သုံးယောက်
အရေးကြီးသော အကြောင်းအရာတစ်ခုကို
ဆွေးနွေးနေကြသည်။စကားသံတိတ်ဆိတ်သွားတိုင်း...
အသက်ရှူသံတွေကိုတောင် ပီပီသသကြားရတဲ့အထိ
အခန်းတွင်းလေထုကတိတ်ဆိတ်နေ၏။"Baekhyun.. မင်းကရော သူ့သဘောအတိုင်းပဲလား
ဘာမှမပြောတော့ဘူးလား""ကျွန်တော်အစောကြီးကတည်းကပြောပြီးပြီ
ထင်ပါတယ် ဆရာ Lee Soo Man~
ကျွန်တော်နဲ့ Chanyeol ရဲ့ဆုံးဖြတ်ချက်က တစ်ထပ်ထဲပါပဲ"သက်ပြင်းချသံအရှည်ကြီးနောက်
ဆရာ Lee Soo Man ၏ ပူပန်သောကများကို
ထွင်းဖောက်မြင်နေရသည်။ ကျွန်တော်တို့သိတာပေါ့...။ဆရာ ကျွန်တော်တို့အပေါ် ဘယ်လောက် သံယောဇဉ်ကြီးလိုက်သလဲ။"ဟုတ်ပြီ....မင်းတို့အတွက် အဆင်သင့်ဖြစ်နေပေမယ့်
ငါ့အတွက်...Ent. အတွက် အချိန်လိုသေးတာမို့
အချိန်နည်းနည်းထပ်ပေးကွာ...
ကျန်တဲ့ Member တွေနဲ့လည်း ဆွေးနွေးစရာရှိသေးတယ်""ရပါတယ် ဆရာ...သန်းခေါင်ထက်တော့
ညဉ့်မနက်တော့ပါဘူး..."-------------------💌---------------------
Dorm ထဲပြန်ရောက်တော့ ကုတင်ပေါ်
ခြေပစ်လက်ပစ်လှဲချလိုက်သည်။နောက်မှ ဝင်လာပြီး တံခါးပိတ်...ဖိနပ်ချွတ်နေသော
Baekhyunee ကို ကုတင်ပေါ်က စောင်းငဲ့ကြည့်လိုက်ပြီးခေါင်းမော့ကြည့်လာတော့ ကျွန်တော့်ဘေးက
လစ်လပ်နေသော နေရာလေးကိုပုတ်ပြပြီး လာရန်အချက်ပေးလိုက်သည်။

YOU ARE READING
ChanBaek One Short Collection
Randomရေးခဲ့ဖူးသမျှ နှင့် ထပ်မံရေးမည့် One Short များ ♡