ရင်​ခုန်​သံထပ်​တူ

6.3K 384 4
                                    

February 12, 2018 ~

"Oh.. Sorry "

​နောက်​မှ ဝင်​အတိုက်​ခံလိုက်​ရပြီး​ ​တောင်းပန်​စကားထွက်​ကျလာရာ အသံပိုင်​ရှင်​ဆီ လှည့်ကြည့်​မိ​တော့ ​​ရွှေအို​ရောင်​ဆံနွယ်​ပိုင်​ရှင်​ ​ကောင်​​သေး​သေး​လေးက အားနာပြုံး​လေး ပြုံးပြ​နေတာ​ကြောင့် ​ခေါင်းတစ်​ချက်​ငြိမ့်ပြပြီး ပြန်​လှည့်ထွက်​မယ်​အလုပ်​.....

"ဒီမှာ...."

အသံချိုချို​လေးကို ​နောက်​တစ်​ကြိမ်​
ထပ်​ကြားလိုက်​ရပြီး​ခြေလှမ်း​တွေ အလိုအ​လျောက်​ရပ်​တန့်မိလိုက်​တယ်​။​လည်​ပြန်​လှည့်ကြည့်လိုက်​ပြီး ကိုယ့်ရင်​ဘတ်​ကိုပုတ်​ပြလို့

"ကျွန်​​တော့်ကို ​ခေါ်တာလား" လို့​အ​မေးစကားပြု​မိတော့....

"အင်း...ဟို​လေ အချိန်​ရရင်​ စကားနည်းနည်း​ပြောခွင့်ပြုမလား?" တဲ့။

လက်​​ကောက်​ဝတ်​​ပေါ်က နာရီကိုတစ်​ချက်​ငုံ့ကြည့်မိ​တော့မနက်​ ၈ နာရီ ၂၀ မိနစ်​...။ ​ရှေ့​နေ ဖြစ်​တဲ့
အ​လျောက်​အချိန်​တိကျမှုက အ​ရေးကြီးသည်​​လေ...။
မနက်​ ၁၀ နာရီမှ ရုံးခန်းရှိရာတိုက်ခန်း​​​ဆီသွားရမှာမို့
တစ်​နာရီခွဲ​လောက်​ အချိန်​ရ​သေး​ကြောင်း စကားပြန်​မိ​တော့​ ကောင်​ငယ်လေးရဲ့ ဖိတ်​​ခေါ်မှုနဲ့အတူ
​​အနီးအနားမှာရှိတဲ့ ​ကော်​ဖီဆိုင်​ကို ​ရောက်​ရှိခဲ့ရ​လေရဲ့...။

"ဟို...ဟို​လေ...တစ်​ခါမှ မဆုံဘူးပဲနဲ့ ဒီလိုစကားမျိုး​ပြောရ​တာနည်းနည်း​တော့ တစ်​မျိုးဖြစ်​မလားမသိဘူး"

​သူ့​ရှေ့က Blueberry smoothie ထဲစိုက်​ထားတဲ့ပိုက်​ကို
​ဆော့လိုက်​ ~ လည်​ပင်းကိုပွတ်​လိုက်​နဲ့ နည်းနည်းအကြပ်​ရိုက်​​နေတဲ့ ​ကောင်​ငယ်​​လေးရဲ့ အပြုအမူ​ကြောင့်

"အ​နေမခက်​ပါနဲ့...​ပြောချင်​တာကို ပွင့်ပွင့်လင်းလင်း ​ပြောလို့ရပါတယ်​" ဆိုပြီး စကား​ထောက်​လိုက်​ရတယ်​...။

"ဟုတ်​ကဲ့~ဒါဆို အရင်​ဆုံး နာမည်​မိတ်​ဆက်​ကြမလား?ကျွန်​​တော်​က ​ဗြောင်​ဘတ်​ဟျွန်း ပါ...တက္ကသိုလ်​ ​နောက်​ဆုံးနှစ်​​ကျောင်းသားဖြစ်​ပြီး အ​နောက်​တိုင်း​မေဂျာ အထူးပြု ယူထားပါတယ်​"

ChanBaek One Short Collection Where stories live. Discover now