မနက် ၇ နာရီ....
ဒီအချိန်ဟာ သူများတွေအတွက်
စောကောင်းစောနေနိုင်ပေမယ့်
ကျွန်တော့်အတွက်ကတော့ သူ့ကိုအချိန်မှန်မြင်နိုင်ဖို့
ဒီအချိန်တိုင်း ကားဂိတ်မှာသွားစောင့်နေကြ...။အခုလည်း တဖွဲဖွဲကျဆင်းနေတဲ့ နှင်းစက်မှုန်တွေကိုအန်တုလို့ အာငွေ့လှုံရင်း ကားဂိတ်မှာ သူအလာကိုမျှော်နေမိသည်...။
နှင်းစက်မှုန်တွေ...။ ဟုတ်တာပေါ့....။
နှင်းပွင့်လေးတွေ က သူနဲ့ကျွန်တော့်အတွက်
ပထမဆုံးတွေ့ဆုံခွင့်ဆိုတာကို ဆိုက်ဆိုက်မြိုက်မြိုက် ကြုံခွင့်ပေးတဲ့ မြားနတ်မယ်။အဲ့နေ့ကလည်း နှင်းတွေခုန်မြူးနေတာ လှလှပပ...။
ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်စောင်းပြီး
လက်ထဲကဖုန်းနဲ့ နှုတ်ခမ်းဖျားပေါ်
ပျော်ဝင်ဆိမ့်သက်နေတဲ့
Iced Americano ကိုပဲ အာရုံသွင်းနေမိတဲ့အချိန်.....။Driver ကိုစာကြည့်တိုက်ရှေ့မှာ
လာကြိုဖို့ဖုန်းခေါ်နေတုန်း...
မျက်လုံးထဲရောက်လာတဲ့ မြင်ကွင်းတစ်ခု...။စာကြည့်တိုက်ထဲကနေ စာအုပ်တွေမနိုင်မနင်း
သယ်လာရင်း
ကျွန်တော်နဲ့မလှမ်းမကမ်းနေရာမှာ...
ချော်လဲတော့မယ့် ကောင်လေးတစ်ယောက်....။သူ့အနားကို ခြေတံရှည်တွေအားကိုးနဲ့
လှမ်းလျှောက်သွားပြီး
ခန္ဓာကိုယ်လေးကို လှမ်းထိန်းဆွဲပေးလိုက်တော့
ဟန်ချက်ပြန်ထိန်းနိုင်သွားပေမယ့်လို့...
လက်ထဲကစာအုပ်အချို့က နှင်းစက်တွေစိုစွတ်နေတဲ့
မြေတလင်းပေါ်ကို ခုန်ဆင်းသွားကြတယ်...။ကျွန်တော့်ကိုတောင် ကျေးဇူးတင်စကားမပြောနိုင်ဘဲ
"အိုး...ငါ့စာအုပ်လေးတွေ" ဆိုတဲ့အာမေဋိတ်သံ ယတစ်ခုသာပြုပြီး စာအုပ်တွေကို ကုန်းကောက်နေရှာတယ်....။သူ့အလုပ်ပြီးတော့မှ သူ့ထက်အရပ်ရှည်တဲ့
ကျွန်တော်ရှိရာမော့ကြည့်လာပြီး....
ကျေးဇူးတင်စကားဆိုတယ်....။

YOU ARE READING
ChanBaek One Short Collection
Randomရေးခဲ့ဖူးသမျှ နှင့် ထပ်မံရေးမည့် One Short များ ♡